လိပ်ကျွန်းလူသတ်မှုမှာ တရားရုံးက သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း က သူတို့အရေးကို ကူညီပေးနေသူ Andy Hall ကတဆင့် တကမ္ဘာလုံးကို အမှာစကားပါးလိုက်ပါတယ်။ အယူခံဝင်တဲ့အခါ လွတ်မြောက်မယ်လို့ ယုံကြည်ကြောင်း သူတို့က အမှာစကား ပါးခဲ့တာလို့ Kamayut Media ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
"ကျနော်တို့ကို ကူညီအားပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့က အပြစ်မရှိပါဘူး။ ကျနော်တို့ဟာ ဒီလို ဆိုးရွားတဲ့ ရာဇဝတ်မှုမှာ ပတ်သက်မှုမရှိသလို ကျနော်တို့ မသတ်ခဲ့ပါဘူး။ ကျနော်တို့ လွတ်မြောက်ချင်ပါတယ်။
ဒီအမှုကိစ္စ အမှန်တရားဟာ အယူခံတင်တဲ့အချိန်မှာ ပေါ်ထွက်လာမယ့်လို့ ယုံကြည်ပါတယ်။ ကျနော်တို့တွေ အယူခံမှာ တကယ်ပဲ လွတ်မြောက်လာမယ်လို့ ယုံကြည်ပါတယ်။
အားလုံးရဲ့ အားပေးတိုက်တွန်းမှုတွေကြောင့် ဆုံးခန်းတိုင်တဲ့အထိ ကျနော်တို့ စိတ်ဓာတ်မကျဘဲ နေထိုင်သွားမှာပါ။ အယူခံဖြစ်စဉ်အပြီးမှာ ကျနော်တို့ လွတ်မြောက်မှာပါ
ကျနော်တို့ နေ့တိုင်းပဲ တရားထိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဆီ နေ့စဉ်လိုလို လွတ်မြောက်ရေးအတွက် ဆုတောင်းပါတယ်။ ခိုထောင်ကျွန်းမှာ သတ်ဖြတ်ခံရသူတွေအပါအဝင် လူသားအားလုံး ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုရကြပါစေ" ဆိုပြီး ကူညီလှုပ်ရှားပေးသူ ဗြိတိန်နိုင်ငံသား Andy Hall ကတဆင့် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Source : kamayut media facebookk
Photos : Andy Hall