play

 

ထိုင်းရောက် နိုင်ငံခြားသားတွေအနေနဲ့ ဗီဇာသက်တမ်း ကျော်လွန်ပြီး နေထိုင်ရင် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်အတွက် ပိတ်ပင်မှာဖြစ်ပြီး ပိတ်ပင်မယ့် ကာလကို ထိုင်းအစိုးရက သတ်မှတ်လိုက်ပါတယ်။

ပိတ်ပင်မယ့် ကာလကို ၁ နှစ်မှ ၁၀ နှစ်အတွင်း သတ်မှတ်ထားတာပါ။ ထိုင်းအစိုးရဟာ ရွှေ့ပြောင်းလုပ်သား နိုင်ငံခြားသားများရဲ့ ဗီဇာနဲ့ ဝင်ရောက်လုပ်ကိုင်မှုအပေါ် လုံခြုံရေး အကြောင်းပြချက်နဲ့ အဆိုပါ သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံအတွင်း ဗီဇာရက် ၉၀ ကျော်လွန်နေထိုင်၍ သက်ဆိုင် ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် တစ်နှစ်အတွင်း၊ ဗီဇာတစ်နှစ် ကျော်လွန်နေထိုင်ပါက သုံးနှစ်အတွင်း၊ ဗီဇာသုံးနှစ်ကျော်လွန်နေထိုင်ပါက ငါးနှစ်အတွင်း၊ ဗီဇာ ငါးနှစ်ကျော်လွန်နေထိုင်ပါက ၁၀ နှစ်အတွင်းနှင့် ဗီဇာတစ်နှစ်အထက် ကျော်လွန်နေထိုင်ပြီး သက်ဆိုင်ရာဌာနကိုလည်း လာရောက် မအပ်နှံဘဲ တာဝန်ရှိသူက ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ ပြန်ပို့ပြီး နောက် ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။

Source : 7 Day

Photo : Mmbiztoday

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video