AD
AD
AD
play

 

သြစတြေးလျနိုင်ငံမှာ ဆာလ်ဖျူရစ် အက်ဆစ်တင်ဆောင်လာတဲ့ ၂၆ တွဲပါ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆာလ်ဖျူရစ် အက်ဆစ် ဂါလံ ၄၄,၀၀၀ တင်ဆောင်လာတဲ့ ရထားဟာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၇ ရက်) နံနက်ပိုင်းက ကွင်းစ်လန်းပြည်နယ် အနောက်မြောက်ဘက်မှာ လမ်းချော် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရထားလမ်းချော်ပြီး တင်ဆောင်လာတဲ့ အက်ဆစ်များ ယိုဖိတ်ခဲ့တာကြောင့် မတော်တဆမှုဖြစ်ပွားရာ နေရာကို အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီး ၂ ကီလိုမီတာရှိ ဖြတ်သန်း သွားလာခွင့်မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ အက်ဆစ် ယိုဖိတ်မှု ပမဏကို တိကျစွာ မသိရသေးဘူးလို့ ကွင်းစ်လန်းရဲတပ်ဖွဲ့က ပြောပါတယ်။

play

 

အက်ဆစ်ရထား လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာဟာ လူနေထူထပ်ခြင်း မရှိတာကြောင့် ထိခိုက်ပျက်စီးမှု အကန့်အသတ်နဲ့သာ ဖြစ်နိုင်တယ်လို့ မျှော်လင့်ကြောင်း ရဲတပ်ဖွဲ့ ဖြည့်စွက်ပြောပါတယ်။ ရထားလမ်းချော်မှုကြောင့် ရထားဝန်ထမ်း သုံးဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

play

 

အက်ဆစ်ရထား မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ ရေလွှမ်းမိုးမှု ဖြစ်ခဲ့ဖူးပြီး မြေသားပျော့နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရထားလမ်းချော်ရတဲ့ အကြောင်းရင်းကို မသိရှိရသေးပါဘူး။ ရထားပေါ်မှာ တင်ဆောင်လာတဲ့ ဆာလ်ဖျူရစ်အက်ဆစ်ဟာ အရေပြားနဲ့ ထိမိရင် လောင်ကျွမ်းပျက်စီးစေပါတယ်။
 

Source & Photo: BBC, ABC, NBC News, The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
More From

News


AD