play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၈) ရက်နေ့က မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ မြို့မသုသာန်တွင် နှစ်ပေါင်း (၂၀) ကျော်အတွင်း ပထမအကြိမ် သံဃာတော်များအားပင့်ဖိတ်၍ ဆွမ်းသွတ်တရားနာ၍ အကျွတ် အလွတ် ဒါနပြုအမျှဝေပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အကျွတ်အလွတ်အမျှဝေပွဲကို မုံရွာမြို့ပေါ်ရှိ ရန်ကင်း၊ ဇောတိက၊ ဇမ္ဗူ့ရောင်ခြည်၊ သစ္စာရောင်ခြည်၊ ရွှေပေါ်ကျွန်း၊ မင်း ကျောင်း၊ ပညာဒီပံစသည့်ကျောင်းတိုက်များမှ ဆရာတော်ကြီး (၁၀) ပါးကိုပင့်ဖိတ်၍ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ မြို့ပေါ်ရှိ အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ် ၃၈၀,၀၀၀ အကုန်အကျခံ ကျင်းပခဲ့ခြင်းဖြစ်ကာ နောက်နှစ်တွင်လည်း ဆက်လက်ကျင်းပနိုင်ရန် စီစဉ်ထားသည်။

Source: 7 Day Daily

Photo: Myoe Min Oo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video