play

 

ဒီသစ်ခွတွေရဲ့ ပုံစံက မျောက်တစ်ကောင်ရဲ့ မျက်နှာနဲ့တူလို့ မျောက်သစ်ခွလို့ ခေါ်တာပါ။ အဲ့ဒီလိုမျိုး သစ်ခွတွေကို စုစည်းပြီး ဂျပန်မှာ ပြပွဲလုပ်နေပါတယ်။

play

 

ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့က အဏ္ဏဝါပြတိုက်တစ်ခုမှာ မျောက်သစ်ခွ ပြပွဲကို တနင်္ဂနွေနေ့က ပြလုပ်ခဲ့ပါတယ်။ လာမယ့်နှစ်ဟာ မျောက်နှစ် ဖြစ်တာကြောင့် မျောက်ပုံစံနဲ့တူတဲ့ သစ်ခွတွေကို စုစည်းပြီး ပြပွဲပြုလုပ်တာလို့လည်း သိရပါတယ်။

play

 

မျောက်သစ်ခွပြပွဲကို လာရောက်ကြည့်ရှုသူ များပြားခဲ့ပြီး Dracula Simia လို့ ခေါ်တဲ့ သစ်ခွကိုတော့ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။

Source & Photo : Globaltime

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video