AD
AD
AD
play

 

အကြွေစေ့နဲ့ ကွန်ဒုံးဝယ်ယူတဲ့စက်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့သူ အမျိုးသားတစ်ဦးဟာ ပေါက်ကွဲမှုဒဏ်ကြောင့် သေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသူနဲ့ ကြံရာပါ နှစ်ဦးတို့ဟာ ကွန်ဒုံးထုတ်ပေးတဲ့ စက်ထဲက ပိုက်ဆံတွေကို လိုချင်တာကြောင့် စက်ကိုဖောက်ခွဲဖို့ ကြိုးစားခဲ့တာပါ။

အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းနဲ့ ကွန်ဒုံးဝယ်ယူတဲ့စက်ကို ဖောက်ခွဲလိုက်စဉ်မှာ စက်ရဲ့ အစိတ်အပိုင်းတွေ လွင့်စင်ထိမှန်ပြီး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တုန်းမှာ အဆိုပါအမျိုးသားရဲ့ ဦးခေါင်းကို အစိတ်အပိုင်းတွေ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

play

 

ပေါက်ကွဲမှု ဖြစ်ဖြစ်ခြင်းမှာ မသေဆုံးခဲ့ပေမယ့် ဆေးရုံကိုပို့ခဲ့ပြီးနောက် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ။ ဖောက်ထွင်းသူတွေဟာ ကွန်ဒုံးစက်ထဲက ပိုက်ဆံတွေရော၊ ကွန်ဒုံးတွေကိုပါ ယူမသွားနိုင်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

Source : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD