AD
AD
AD
play

 

ဂရိနိုင်ငံ Lesbos ကျွန်းပေါ်က  ကော်ဖီဆိုင်တစ်ခုဟာ ခွေးတွေအပေါ်ထားရှိတဲ့ သူတို့ရဲ့ အကြင်နာတွေကြောင့် လူပြောများလျက်ရှိပါတယ်။ ဒီဆိုင်ဟာ နေ့ဘက်မှာ လူတွေကို ကော်ဖီရောင်းချပေမဲ့ညဘက်မှာတော့ အိမ်ခြေရာမဲ့ခွေးပေါင်းများစွာရဲ့ အိပ်စရာနေရာဖြစ်ပါတယ်။

play

 

ဆိုင်ရဲ့စားပွဲထိုးတစ်ဦးဟာ လေလွင့်နေတဲ့ ခွေးတစ်ဦးကို ခေါ်ယူစောင့်ရှောက်ရင်းကနေ အခုလိုမျိုး ခွေးများအတွက် ညအိပ်နေရာအဖြစ် ပြုလုပ်ဖို့ အကြံညဏ်ရခဲ့တာလို့ သိရပါတယ်။ ည ၈ နာရီ ဆိုင်ပိတ်တာနဲ့ ခွေးတွေရောက်လာကြပြီး ဆိုင်စီးပွားရေးအတွက်လည်း ထိခိုက်ခြင်းမရှိဘူးလို့ ဆိုင်ရဲ့ စားပွဲထိုးတစ်ဦးက ပြောပါတယ်။

play

 

Hot Spot လို့ခေါ်တဲ့ ဒီဆိုင်ဟာ နေ့ဘက်မှာ လူတိုင်းအတွက် တံခါးဖွင့်ထားမှာ ဖြစ်သလို ညဘက်မှာလည်း ခွေးတိုင်းအတွက် တံခါးဖွင့်ထားမှာ ဖြစ်ပါတယ်။

Photos & Sources: Oddity Central

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

News


AD