AD
AD
AD
play

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်က ရင်ပြင်နီကို လုံခြုံရေးအခြေအနေကြောင့် နှစ်သစ်ကူးညမှာ ပိတ်ထားမယ်လို့ ရုရှားအစိုးရက ကြေညာလိုက်ပါတယ်။

နှစ်သစ်ကူးမယ့်ည ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက် ညမှာ ပိတ်ထားမှာဖြစ်ကြောင်း ကြေညာထားတာပါ။ ဒါဟာ နှစ်သစ်ကူးကာလအတွင်း ရင်ပြင်နီကို ပထမဆုံးအကြိမ် ပိတ်ထားမှုလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ သတင်းတွေကြားရပြီးနောက်ပိုင်းမှာ မော်စကိုမြို့ရဲ့ နေရာအနှံ့ကိုလည်း လုံခြုံရေး ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

ရင်ပြင်နီဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လာရောက်ကြတဲ့ နေရာဖြစ်ပြီး မော်စကိုမြို့နေ ပြည်သူတွေက ပွဲတော်ရက်တွေမှာ စုရုံးပျော်ရွှင်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။

Source & Photo : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD