News: သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ဘဲဥပြုတ်နက်များ

play

 

ဂျပန်နိုင်ငံ ဟာကိုနီတောင်ပေါ်မြို့လေးက သဘာဝအတိုင်းဖြစ်ပေါ်တဲ့ ဘဲဥပြုတ်နက်တွေဖြစ်ပါတယ်။  ဘဲဥပြုတ်နက်တွေကို စားဖို့ နှစ်စဉ်နှစ်တိုင်း ဒီဒေသကို လူပေါင်းများစွာ လာရောက်လေ့ရှိတယ်လို့ သိရပါတယ်။

play
play

 

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်တုန်းက ဒီဒေသမှာ ဟာကိုနီဆိုတဲ့မီးတောင်ကြီးတစ်ခု ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ကန်ပေါင်းများစွာဟာ ဒီဒေသမှာ ရှိနေပါတယ်။ ကန်ထဲကရေတွေဟာ အမြဲတမ်းပွက်ပွက်ဆူနေပြီး ဆာဖာဒိုင်အောက်ဆိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာဖိုက်တွေ ရှိပါတယ်။ ဒါကြောင့် ကန်ထဲကို ထည့်ပြီး ဘဲဥကို ပြုတ်လိုက်မယ်ဆိုရင် ဘဲဥခွံတွေဟာ မဲကုန်ပြီး အထဲက အသားကတော့ အကောင်းတိုင်းရှိတာ ဖြစ်ပါတယ်။ ဒီဘဲဥနက်တွေကိုစားရင် အသက်ရှည်ကျန်းမာတယ်လို့ အယူရှိကြပါတယ်။

play

 

Photos & Sources: Japan Travel, Amusing Planet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ