play

 

ကမ္ဘောဒီးယားနိုင်ငံမှာ သွေးအားနည်းရောဂါကို ခံစားရသူတွေ များပြားနေပါတယ်။ အကြောင်းကတော့ အာဟာရပြည့်ဝအောင် စားသောက်ဖို့ မတတ်နိုင်ကြလို့ပါပဲ။

သွေးအားနည်းရောဂါဟာ သံဓာတ်ချို့တဲ့လို့ ဖြစ်ရတာပါ။ သံဓာတ် အားဖြည့်ပေးဖို့အတွက် သူတို့က ဟင်းချက်တဲ့အခါ သံငါးကို ထည့်ချက်ကြပါတယ်။ Lucky Iron Fish လို့ နာမည်ပေးထားတဲ့ ငါးကို သံနဲ့ပြုလုပ်ထားပြီး အဲ့ဒီငါးကို ဟင်းထဲ ထည့်ချက်တဲ့အခါ သံဓာတ်တွေ ပျော်ဝင်သွားပါတယ်။

play

 

ဟင်းချက်တဲ့အခါ သံငါးကိုထည့်ချက်ရင် သံဓာတ်အားဖြည့်ပေးနိုင်လို့ သွေးအားနည်းရောဂါကို ရင်ဆင်ရမယ့် အရေးကနေ သက်သာလျော့ပါးစေမယ်လို့လည်း သံငါးကို တီထွင်ခဲ့သူက ပြောပါတယ်။

play

 

အဲ့ဒီ သံငါးကို ကနေဒါနိုင်ငံသား ခရစ္စတိုဖာ ချားလ်စ်က ဖန်တီးခဲ့ပြီး သူ့ရဲ့ သုတေသနအရ သံငါးကို ဟင်းထဲထည့်ချက်ခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်ခြေ ၅၀% အထိ လျော့ချပေးနိုင်ပြီး ဆိုးကျိုးမရှိဘူးလို့လည်း သိရပါတယ်။


Source & Photo : NPR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video