AD
AD
AD

 

၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာကြီးကို ရင်သပ်ရှုမောဖြစ်သွားအောင် လုပ်ပြခဲ့တဲ့ အမျိုးသမီး စွမ်းဆောင်ရှင်တွေ ရှိပါတယ်။ အချို့သော အမျိုးသမီးခေါင်းဆောင်တွေကြောင့် လူအများမသိထားတဲ့ ကိစ္စအချို့ပေါ်ပေါက်လာတာ မျိုး ရှိသလို အပြောင်းအလဲ တစ်ခုကို ဖန်တီးနိုင်ခဲ့တာမျိုးတွေလည်း ရှိပါတယ်။

၂၀၁၅ မှာ ကမ္ဘာကြီးကို ကိုင်လှုပ်ပြခဲ့တဲ့  အမျိုးသမီး ခုနှစ်ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ လော်ရက်တာလင့်ခ်ျ

play

 

သူမကိုတော့ အမေရိကပြင်ပကသူတွေ သိချင်မှသိမှာပါ။ ဖီဖာထိပ်တန်းအရာရှိတွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ အမေရိကန် ဥပဒေပြုရေးအဖွဲ့ဝင် ဖြစ်ပါတယ်။ သူမဦးဆောင်တဲ့ စုံစမ်းမှုတွေကြောင့် အခုဆို ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအဝင် ထိပ်တန်းအရာရှိတွေရဲ့ လာဘ်စားမှုတွေ ပေါ်ပေါက်ကုန်ပါပြီ။

၂။ အယ်လန်ဂျွန်ဆင်ဆာလိဖ်

play

 

လိုက်ဘေးရီးယား သမ္မတဖြစ်သူ ဆာလိဖ်ရဲ့ စွမ်းဆောင်မှုတွေကလည်း အံမခန်းပါ။ ၂၀၁၅ ခုနှစ်အတွင်း အနောက်အာဖရိကမှာ အီဘိုလာကူးစက်ရောဂါ ပျံ့ပွားမှုဖြစ်ခဲ့ပေမဲ့  လိုက်ဘေးရီးယားမှာ အကြီးအကျယ် ပျံ့နှံ့တာမျိုး မဖြစ်ရအောင် ဆာလိဖ်က ဆောင်ရွက်ခဲ့ပါတယ်။ သူမက နိုဘယ်ဆုရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

၃။ အောင်ဆန်းစုကြည်

play

 

အကျယ်ချုပ်ကလွတ်မြောက်လာပြီးနောက် ငါးနှစ်တိတိပြည့်တဲ့အချိန်မှာ ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာကလည်း တကမ္ဘာလုံးကို စောင့်ကြည့်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ဂန္ဒီနဲ့ မာတင်လူသာကင်းတို့ လမ်းစဉ်ကို လိုက်သူလို့ ပြောကြပြီး ဘင်္ဂါလီအရေးမှာတော့ နှုတ်ဆိတ်နေတဲ့အတွက် ဝေဖန်မှုအချို့ကိုတော့  ရင်ဆိုင်ခဲ့ရပါတယ်။

၎။ ကိတ်လင်းဂျန်နာ

play

 

၂၀၁၅ ခုနှစ်ကို ကိုင်လှုပ်ခဲ့သူတွေထဲမှာ အရင်က ဘရုစ်ဂျန်နာလို့ခေါ်ပြီး အခု ကိတ်လင်းဂျန်နာလို့ခေါ်တဲ့ လိင်ပြောင်းထားသူလည်း ပါဝင်ခဲ့ပါတယ်။ အားကစားသမားဟောင်း တစ်ဦးဖြစ်ပြီး နာမည်ကျော်ကြာသူတို့  အသိုင်းအဝိုင်းမှာတော့ သူ့ကို မသိသူမရှိပါဘူး။

၅။ ရုသ်ဘေဒါဂင်းစ်ဘာ့ဂ်

play

 

အမေရိကတရားစီရင်ရေးမှာ အမြင့်ဆုံးရာထူးကို ရယူထားတဲ့ ဂင်းစ်ဘာ့ဂ်က အသက် ၈၂ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမဲ့ အမျိုးသမီး အရေး လှုပ်ရှားရာမှာ တက်ကြွမှု များစွာရှိနေဆဲပါ။ ၁၉၉၃ ခုနှစ်မှာ သမ္မတဘီလ်ကလင်တန်ကိုယ်တိုင် ခန့်အပ်ထားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ အမေရိကရဲ့ တရားသူကြီးချုပ်ပါ။

၆။ တူရူရူ

play

 

ဓာတုဆေးဝါးဖော်စပ်ရာမှာ ကျွမ်းကျင်သူ တရုတ်ပညာတတ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ငှက်ဖျားရောဂါကို ကုသပေးတဲ့ ဆေးဝါးကို တီထွင်ခဲ့သူဖြစ်ပါတယ်။ နိုဘယ်ဆုလည်း ဆွတ်ခူးထားသူဖြစ်ပြီး သူဖော်စပ်တဲ့ ဆေးဝါးနဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။

၇။ အဒဲလ်

play

 

နာမည်အပြည့်အစုံက အဒဲလ်လော်ရီဘလူးအက်ဒ်ကင်း လို့ခေါ်တဲ့ အဆိုတော်အဒဲလ်က လည်း ၂၀၁၅ မှာ အနုပညာ လောကထဲ ပြန်ဝင်လာပြီး ပရိသတ်တွေကို လှုပ်ခတ်စေခဲ့ပါတယ်။ သီချင်းအသစ်တွေနဲ့ စံချိန် ချိုးခဲ့ပြီး Hello သီချင်းကလည်း ပရိသတ်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။

Source & Photos : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD