AD
AD
AD

 

၂၀၁၅ ခုနှစ်ကတော့ လူမှုကွန်ယက်တွေအပေါ်မှာ ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ လူမှုကွန်ယက် အသုံးပြုသူ ပိုပြီးများလာတာနဲ့အတူ လူမှုကွန်ယက်ပေါ်ကတဆင့် ကောလဟလ သတင်း လွှင့်တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။

နိုင်ငံတကာ သတင်းမီဒီယယာအချို့တောင် လူမှုကွန်ယက်တွေကြောင့် သတင်းမှားတင်ခဲ့မိတာမျိုး ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း လူယုံများပြီး နာမည်ကျော်ခဲ့တဲ့ လူမှုကွန်ယက် သတင်းအမှားတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ နီပေါငလျင်ဒဏ်ခံ မောင်နှမ

play

 

ဗီယမ်နမ်မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံကို နီပေါငလျင်ဒဏ်ခံစားရတဲ့ ကလေးငယ်နှစ်ဦးဆိုပြီး လူမှုကွန်ယက်မှာ သတင်းစလွှင့်ခဲ့တာပါ။

၂။ ဟိုတယ်ထဲက ရေကူးကန်

play

 

နီပေါငလျင် လှုပ်ပြီးချိန်မှာပဲ ဟိုတယ်တစ်ခုရဲ့ ရေကန်ထဲက ဒီလိုအငွေ့တွေ ပျံလာတယ်ဆိုပြီး သတင်းမှား လွှင့်ခဲ့တာပါ။ အမှန်တော့ ဒီရေကန်က ဒီလိုဖြစ်ခဲ့တာ ၂၀၁၀ တုန်းက မက္ကဆီကိုမှာ ဖြစ်ပါတယ်။

၃။ အိုက်အက်စ်အကြမ်းဖက်သမား ဥရောပကိုရောက်

play

 

အိုက်အက်စ်အကြမ်းဖက်သမားတစ်ဦး ဒုက္ခသည်ယောင်ဆောင်ကာ ဥရောပရောက်လာပြီဆိုပြီး လုပ်ခဲ့ကြပါသေးတယ်။ တကယ်တော့ ဓာတ်ပုံထဲက စစ်သားဟာ ဆီးရီးယားတပ်မတော်က ဖြစ်ပြီး နောက်ဆုံးပို့စ်စတင်တဲ့သူ တောင်းပန်ခဲ့ရပါတယ်။

၎။ Eagles of Death Metal ရှိုးပွဲ

play

 

ပါရီမြို့ အကြမ်းဖက်မှု မဖြစ်ခင်မိနစ်ပိုင်းလေမှာ လုပ်ခဲ့တဲ့ Eagles of Death Metal ရှိုးပွဲဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့လာပါသေးတယ်။ တကယ်တော့ ပါရီရှိုးပွဲမတိုင်ခင် ဒက်ဘလင်မှာ လုပ်ခဲ့တဲ့ ရှိုးပွဲ ဖြစ်ပါတယ်။

၅။ စိတ်ကြီးတဲ့လင်မယား

play

 

လင်မယားနှစ်ဦးက ရန်ဖြစ်ပြီး ကွာရှင်းဖို့ လုပ်ကြတော့ ပိုင်သမျှ ပစ္စည်းတွေကို တစ်ဝက်စီပိုင်းပြီး ယူခဲ့ကြပါတယ်။ အိုင်ဖုန်းတွေ၊ တီဗီတွေ၊ ကားတွေကို တစ်ဝက်စီပိုင်းပြီး ယူခဲ့ကြတယ်လို့ ဖေ့စ်ဘွတ်မှာ နောက်ပြောင်ကာ တင်ခဲ့တာပါ။ ဒါကို သတင်းအဖြစ်ရေးသားမိခဲ့ကြတဲ့ မီဒီယာအချို့လည်း ရှိခဲ့ပါတယ်။ တကယ်တော့ photoshop နဲ့ ဓာတ်ပုံတွေကို ပြင်ခဲ့တာပါ။

Source & Photos : mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

News


AD