play

 

အပေါင်ပစ္စည်းနဲ့ ချေးဌားထားတဲ့ ပစ္စည်းတွေကို ပြန်မဆပ်တာကြောင့် ရေစက်ချပြီး ပိုင်ရှင်ထံ ပြန်ပေးတဲ့ ဖြစ်ရပ်တစ်ခု မြိတ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဥယျာဉ်လယ်ယာ ခြံမြေတွေကို အပေါင်ပစ္စည်းအဖြစ်ယူကာ ကျေးရွာပေါင်း ၅၄ ရွာမှ လူ၁၀၀ ခန့်ကို ငွေကျပ်ပေါင်း သိန်းထောင်ချီ ချေးဌားခဲ့တာဖြစ်ပြီး ပြန်လည်ပေးအပ်နိုင်ခြင်း မရှိတာကြောင့် အခုလို ရေစက်ချလှူတာ ဖြစ်ပါတယ်။

ရေစက်ချ ပြန်လည်ပေးအပ်မှုကို မြိတ်မြို့က မစိုးရိမ်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုက ဒုတိယအကြိမ် ပြန်လည် ပေးအပ်မှုဖြစ်ပါတယ်။

စုစုပေါင်း ပြန်လည်ပေးအပ်မှုဟာ ဥယျာဉ်၊ ခြံမြေ၊ ဧကပေါင်း ၅၅၀ ခန့်ရှိပြီး မဆပ်နိုင်သူများ မြေပြန်လိုချင်ကြမှာ ဖြစ်တာကြောင့် ယခုလို ပြန်ပေးတာ ဖြစ်တယ်လို့ မြေယာပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ခဲ့သူ ဒေါ်အေးအေးဝါက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Sources: The Voice
Photos Sources: chitwin.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video