AD
AD
AD
play

 

ဒီဇင်ဘာ ၂၉ ရက် ည သန်းခေါင်အချိန်ခန့်က မုံရွာမြို့က သီရိရတနာဈေးဟောင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဟာ ည ၁၁ နာရီခွဲက စတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းချိန် တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ၁၂ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ ဈေးထဲက အပ်ချုပ်ဆိုင်က ကျန်ခဲ့တဲ့ မီးကြွင်းမီးကျန်ကတစ်ဆင့် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဈေးဟောင်း အလယ်တိုက်တန်းက စက်ချုပ်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ ကုန်လှောင်ခန်းတွေ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။


Source : The Voice

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD