AD
AD
AD
play

 

စစ်တွေမြို့ရှိ မြို့ပေါ် လူနေရပ်ကွက်များဖြစ်သည့် စံပြ၊ ဘောလုံးကွင်း၊ ရဲနွယ်စုနှင့် ကျောင်းကြီးလမ်းရပ်ကွက်များသို့ ခန္ဓာကိုယ်အရွယ်အစားကြီးမားသော လင်းတငှက်များရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

လူနေရပ်ကွက်များသို့ ထူးထူးခြားခြားရောက်ရှိလာခြင်းမှာ ဒေသတွင်း အအေးပိုမိုလာခြင်း နှင့် မျက်စိလည်လမ်းမှားပြီး ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်ကြောင်းနှင့် လွန်ခဲ့သည့် (၃) နှစ်ကလည်း အလားတူ ကိစ္စရပ်မျိုး ဖြစ်ပေါ်ခဲ့ကာ စားကျက်နေရာများ ပြောင်းလဲခြင်းကြောင့်လည်းဖြစ်နိုင်သည်ဟု သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးက သုံးသပ်သည်။

play

 

ရဲနွယ်စုရပ်ကွက်နေ ဒေါ်ဝင်းမေက ‘‘ကျွန်မတို့ အိမ်အနီးက တယ်လီဖုန်းတာဝါတိုင်မှာ မနေ့က တစ်ကောင်လာနားတယ်။ ပျံလည်း မပျံဘူး။ တာဝါတိုင်မှာပဲ နားနေတယ်။ အရင်တုန်းကဆို ရင် ဒီလိုလင်းတကောင်တွေ လူနေရပ်ကွက်ထဲကို ဝင်လာရင် နိမိတ်မကောင်းဘူးဆိုပြီး အမျိုး မျိုးပြောကြတယ်။ တချို့ကတော့ ဖမ်းဆီးပြီး အိမ်မှာတောင်ထားတယ်။ တကယ်တော့ ဒီကောင် တွေကိုတွေ့ရခဲတယ်။ အခုက တော့ သဘာဝတရားတွေ၊ ရာသီဥတုတွေလည်းပြောင်းလဲတော့ သူတို့လည်းလမ်းမှားရောက်လာတာဖြစ်နိုင်တယ်’’ ဟု ပြောသည်။

Source: 7 Day Daily

Photo: animalstown, thehindu

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD