AD
AD
AD
play
တောင်နဲ့မြောက် ဆွေးနွေးပွဲမှာ တွေရသည့် ကင်မ် ယန်ဂွန်း (ဝဲဘက်အစွန်)

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ထိပ်တန်းလက်ထောက်တစ်ဦး ကားမတော်တဆမှုအတွင်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန KCNA က ပြောပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအန်း

 

အသက် ၇၃ နှစ်ရှိ ကင်မ် ယန်ဂွန်းဟာ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ အတွင်းရေးမှူးနဲ့ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

play
ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့သည့် ကင်မ် ယန်ဂွန်း

 

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တင်းမာမှု ပေါ်ပေါက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး သြဂုတ်လအတွင်း ပြုလုပ်ခဲ့တဲ့ စေ့စပ်ဆွေးနွေးမှုမှာလည်း ကင်မ် ယန်ဂွန်းက မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။

ကင်မ် ယန်ဂွန်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ အနီးကပ်ဆုံး ရဲဘော်ရဲဘက်နဲ့ တော်လှန်ရေး အမာခံ မိတ်ဆွေဖြစ်တယ်လို့ KCNA က ဆိုပါတယ်။

အင်္ဂါနေ့ (ဒီဇင်ဘာ ၂၉ ရက်) ဒေသစံတော်ချိန် နံနက် ၆း၁၅ မှာ ကားမတော်တဆမှု ဖြစ်ပွားမှုကြောင့် ကင်မ် ယွန်ဂွန်း သေဆုံးခဲ့တယ်လို့ KCNA သတင်းက ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD