AD
AD
AD
play

 

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင် အမြင့် (၉) ပေရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အပါအဝင် အမြင့် (၃) ပေစီရှိသည့် အာဇာနည် (၉)ဦးတို့၏ ကြေးရုပ်နှင့် အာဇာနည်ရင်ပြင် ပြုလုပ်ရန် တည်ဆောက်မှုအခြေအနေ (၇၀) ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ လုပ်ငန်းစဉ်များကို တောင်တွင်းကြီးမြို့ ပန်းခြံအတွင်း ပြီးခဲ့သည့် ဇူလိုင်က စတင်တည်ဆောက်နေပြီး ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို စတင်ဖွင့်မည်ဖြစ်ကာ ကျန်အာဇာနည် (၈)ဦး၏ ကြေးရုပ်နှင့် အာဇာနည်ရင်ပြင်ကို ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက် (အာဇာနည်)နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

play

 

ဗိုလ်ချုပ်ကြေးရုပ်အတွက် ကြေး ပိဿာချိန် (၃၆၀) အသုံးပြု၍ ကျပ် (၁၃၅) သိန်းကုန်ကျပြီး အာဇာနည် (၈)ဦး၏ ကြေးရုပ်များမှာ (၁)ရုပ်လျှင် ကျပ်သိန်း (၄၀) ကုန်ကျကြောင်းနှင့် ဗိုလ်ချုပ် ကြေးရုပ်ပြုလုပ်ရာတွင် အများပြည်သူ၏ အလှူငွေဖြင့်သာ ပြုလုပ်ခြင်းဖြစ်ပြီး ကျန်ရှိသည့် အာဇာနည် (၈)ဦး၏ ကြေးရုပ်များအား တစ်ဦးချင်း အလှူရှင်များ လက်ခံထားကြောင်း သိရသည်။ လက်ရှိတွင် အာဇာနည်ရင် ပြင်တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေကျပ်သိန်း (၁၀၀) ကျော် လိုအပ်နေပြီး လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Source: 7 Day Daily

Photo: aljazeera, kachinnews, i1os

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD