play

 

ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပမှာဖြစ်လို့ အခမ်းအနား ကျင်းပနေချိန်မှာ ပြည်လမ်းကို ခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။

အခမ်းအနား ကျင်းပနေချိန်အတွင်း လမ်းပိတ်ထားမှာဖြစ်လို့ လမ်းလွှဲကနေ မောင်းနှင်သွားလာကြရမှာဖြစ်ပါတယ်။ မြို့ထဲကို သွားမယ်ဆို ပြည်ထောင်စုရိပ်သာလမ်းကတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းကနေ မောင်းနှင်ရမှာဖြစ်ပြီး မြို့ထဲဘက်က ပြန်လာမယ်ဆို မြေနီကုန်းမီးပွိုင့်ကနေ အောက်ကြည့်မြင်တိုင်လမ်းဘက်ကို ချိုးကွေ့ပြီး မောင်းနှင်ရမှာပါ။

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ မနက် ၃ နာရီခွဲကစပြီး ရန်ကုန်က ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်မှာပါ။

Source : မြဝတီ

Photo : Panoramio

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video