AD
AD
AD

၂၀၁၅ ဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေး သမိုင်းမှာ အလွန်ရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးဖြစ်ခဲ့၊ ပေါ်ပေါက်ခဲ့တဲ့ အကြောင်းအရာ ငါးခုကို စုစည်း ဖော်ပြပေးထားပါတယ်။

၁။ စတော့အိတ်ချိန်း

play

 

 နိုင်ငံတကာမှာတော့ စတော့အိတ်ချိန်းသက်တမ်းက ကြာမြင့်နေပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံတော့ ၂၀၁၅ မှသာ စတော့အိတ်ချိန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂။ ပထမဆုံး ကာဒီနယ်

play

 

ရိုမန်က်သလစ်ဂိုဏ်းချုပ် ဆရာတော်ချားလ်စ်ဘိုက မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ဖြစ်လာခဲ့တာပါ။ ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဆရာတော်ချားလ်စ်ဘိုကို ၂၀၁၅ ဖေဖော်ဝါရီမှာ တာဝန်ပေးခန့်အပ်ခဲ့တာပါ။

၃။ မြန်မာ ယူ-၂၀

play

 

မြန်မာ့ဘောလုံးသမိုင်းမှာ ပထမဆုံးကမ္ဘာ့ဖလားအဆင့် ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရအောင် မြန်မာယူ-၂၀ အသင်းက စွမ်းဆောင်နိုင်ခဲ့တာပါ။ အမေရိကန်နဲ့ အဖွင့်ပွဲ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲရဲ့ ပထမဆုံးဂိုးက မြန်မာ ကစားသမား ရန်နိုင်ဦးက သွင်းခဲ့တာပါ။

၎။ ဆိုလာလေယာဉ်

play

 

လောင်စာစွမ်းကို အသုံးမပြုပဲ နေရောင်ခြည်သုံးဆိုလာစွမ်းအင်နဲ့ ကမ္ဘာပတ်ပျံသန်းတဲ့ ဆိုလာလေယာဉ်လည်း မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ Solar Impulse 2 လို့အမည်ပေးထားတဲ့ အဆိုပါလေယာဉ်က မတ်လ ၁၉ ရက်နေ့မှာ မန္တလေး တံတားဦးလေဆိပ်ကို ဆိုက်ရောက်ဆင်းသက်ခဲ့တာပါ။

၅။ သီလဝါစီးပွားရေးဇုန်

play

 

မြန်မာနိုင်ငံရဲ့ ပထမဆုံးအထူးစီးပွားရေးဇုန်ဖြစ်တဲ့ သီလဝါ စီးပွားရေးဇုန်ကို ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဂျပန်အစိုးရ၊ ဂျပန်စီးပွားရေးကော်ပိုရေးရှင်းသုံးခုနဲ့ မြန်မာကုမ္ပဏီတွေ စတင်ပူးပေါင်းလုပ်ကိုင်ကြတဲ့ သီလဝါ အထူးစီးပွားရေးဇုန်မှာ ကနဦးရင်းနှီးမြုပ်နှံမှုက ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိပါတယ်။ သီလဝါစီးပွားရေး ဇုန်ကို ၂၀၁၅ စက်တင်ဘာလထဲမှာ ဖွင့်လှစ်ခဲ့တာပါ။

Source & : 7Day News Journals

Photos : J Maung Manung(amarapura), Sai Zaw, Getty, EPA,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD