AD
AD
AD
play

 

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် Value ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာတွန်းပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကာတွန်းတွေထဲက ဆုရကာတွန်းတွေကို မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် Facebook စာမျက်နှာကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

ရွှေတလေးဆုကို မောင်မောင်ဖောင်တိန်၊ ဟိန်းစွန်ဆုကို ဆောင်းတရော်၊ ဘဂျမ်းဆုကို သူရမိုးတို့ရရှိခဲ့ပြီး နှစ်သိမ့်ဆုနှစ်ဆုကိုတော့ သီဟ(စခန်းသစ်) နဲ့ အောင်ကိုကိုတို့က ရရှိခဲ့တာ ဖြစ်ပါတယ်။ မောင်မောင်ဖောင်တိန်ရဲ့ ကာတွန်းဟာ အတွေး အလွန်ထိမိပြီး ပန်းချီကားသူခိုးတွေဟာ တန်ဖိုးရှိတဲ့ အရာကိုပဲ ဖြုတ်ခိုးသွားခဲ့တယ့် ကာတွန်းလေးဖြစ်ပါတယ်။

play

 

ဆုတွေကိုတော့ မြန်မာကာတွးန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပြပွဲရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပေးသွားမှာဖြစ်ပြီး ကာတွန်း ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက MCC ခန်းမမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

play

play

 

Photos & Sources: ကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော် (မောင်မောင်ဖောင်တိန်၊ ဆောင်းသရော်၊ သူရမိုး၊ သီဟ(စခန်းသစ်)၊ အောင်ကိုကို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD