play

 

တိုင်ပေ ခရမ်းချဉ်သီး စိုက်ပျိုးမှု ယခင်နှစ်များထက် ပိုမိုများပြားလာပြီး ဈေးကွက်သို့ ခရမ်းချဉ်သီးအဝင်များသဖြင့် (၁) ပိဿာလျှင် ကျပ် (၁၀၀) အောက် သို့ ဈေးကျသွားရာ အချို့က ခရမ်းချဉ်သီးများကို နွားစာအဖြစ် ကျွေးမွေးနေကြကြောင်း ခရမ်းချဉ်စိုက် တောင်သူများက ပြောသည်။

play

 

မုံရွာမြို့နယ်အတွင်း ကုန်းမြင့်ပိုင်းဒေသများတွင် တိုင်ပေ ခရမ်းချဉ်သီးများကို ယခုနှစ်အတွင်း ဇူလိုင်နှင့် သြဂုတ်အတွင်း အများဆုံးစိုက်ပျိုးခဲ့သဖြင့် ဈေးကွက်သို့ အောက်တိုဘာလတွင် စတင်ရောင်းချနိုင်ခဲ့ပြီး မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ ဘုတလင်၊ အရာတော်မြို့နယ်များရှိ ခရမ်းချဉ်စိုက်ခင်းများမှ  အသီးများ ဈေးကွက်သို့ ဒီဇင်ဘာအတွင်း လှိုင်လှိုင်ဝင်ရောက်ခဲ့ခြင်းကြောင့် ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၁၀၀) အောက် ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။

play

 

မုံရွာမြို့နယ်တွင် စိုက်ပျိုးသော တိုင်ပေခရမ်းချဉ်သီးများ စက်တင်ဘာအတွင်း ဈေးကွက်သို့စတင်ဝင်ရောက်ချိန် (၁) ပိဿာလျှင် ကျပ် ၂,၀၀၀ ခန့် အထိ ဈေးရရှိခဲ့သည့်နောက်ပိုင်း ခရမ်းချဉ်သီးစိုက်ပျိုးသူများ ယခင်နှစ်များထက် (၂)ဆခန့် များပြားခဲ့သည်။  မြန်မာခရမ်းချဉ်သီးများအား ချင်းတွင်းမြစ် အနောက် ဘက် ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်များအတွင်း အများဆုံးစိုက်ပျိုးကာ မုံရွာဈေးကွက်သို့ နိုဝင်ဘာလအတွင်း စတင်ဝင်ရောက်ချိန်တွင် (၁) ပိဿာလျှင် ကျပ် ၂,၀၀၀ ခန့်ဈေးရရှိခဲ့သော်လည်း ဒီဇင်ဘာလကုန်ပိုင်း၌ တစ်ပိဿာလျှင် ကျပ်(၅၀)ခန့် ဖြင့်သာ မုံရွာဒေသခံ ကုန်စိမ်းပွဲရုံများတွင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Source: 7 Day Daily

Photo: Myoe Min Oo, onetwordream, thetasterevelation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video