AD
AD
AD
play

 

ဆဲလ်ဖီရိုက်ခြင်း အလေ့အကျင့်ဟာ လူငယ်တွေကြားမှာ နေ့စဉ် လုပ်ငန်းဆောင်တာ တစ်ခုလိုတောင် ဖြစ်နေပါပြီ။ အခုတော့ ဖုန်းနဲ့ဆယ်လ်ဖီရိုက်ခြင်းဟာ အသက်ကိုတောင် ရန်ရှာလာပါပြီ။

ရုရှားမှာ နေထိုင်တဲ့ လူငယ်တစ်ဦးဟာ တိုက်ခေါင်မိုးပေါ် ဆယ်လ်ဖီတက်ရိုက်ရင်း ပြုတ်ကျသေဆုံးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ် ပွားခဲ့တာပါ။ အရမ်းလန်းတဲ့ ဆယ်လ်ဖီဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက်မှာ တင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သူကအခုလို သက်စွန့်ဆံဖျား ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာပါ။

play

 

ကိုးထပ်အမြင့်ရှိတဲ့ တိုက်ပေါ်တက်ပြီး လက်တစ်ဖက်က တိုက်အစွန်းကိုကိုင်ကာ တစ်ဖက်က လက်လွှတ်ထားတဲ့ပုံတွေကို သူပြုတ်မကျခင် ရိုက်ကူးခဲ့ပါတယ်။ နောက်တော့ တိုက်အစွန်းမှာ မတ်တပ်ရပ်နေတဲ့ပုံကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

play

 

ဒီလို သက်စွန့်စံဖျားပုံတွေ ရိုက်နေတုန်း သူပြုတ်ကျသွားတာပါ။ တိုက်အောက်မှာ ခြုံပုပ်တွေ ရှိပေမဲ့လည်း အဆိုပါလူငယ်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး သေဆုံးသွားပါတယ်။

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD