AD
AD
AD
play

 

၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ မြန်မာနိုင်ငံမှာ နှစ်စဉ် လူသတ်မှုပေါင်း ၁၃၀၀ ခန့်ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာလည်း လူသတ်မှုတွေရှိခဲ့ပြီး လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ ထိတ်လန့်ဖွယ်ရာ လူသတ်မှုကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျောင်းဆရာမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရမှု

play

 

ရှမ်းပြည်နယ် ကောင်းခါးကျေးရွာမှာ ကချင်ဆရာမနှစ်ဦး အဓ္ဓမကျင့်သတ်ဖြတ်ခံရမှုဟာ ၂၀၁၅ ခုနှစ် နှစ်စပိုင်းက ဖြစ်ပွားခဲ့ပါတယ်။  သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာမလေးနှစ်ဦးဟာ ၁၉ နှစ်နဲ့ ၂၁ နှစ်ပဲရှိသေးပြီး ဒီအမှုကို ဆိုရှယ်မီဒီယာတွေနဲ့ သတင်းစာတွေပေါ်မှာ အကျယ်တဝင့်ရေးသား ပြောဆိုခဲ့ကြပါတယ်။ အဆိုပါ အမှုနဲ့ပက်သက်ပြီး  ကောင်းခါးကျေးရွားအနီးက တပ်မတော်သားတွေကိုပါ ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံကတော့ ခုချိန်ထိ မမိသေးပါဘူး။

NLD ၏ ရပ်ကျေးဥက္ကဌ သတ်ခံရမှု

ကရင်ပြည်နယ် ကော့သင်းရှူးကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေးဥက္ကဌကို သေနတ်နဲ့ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပစ်သတ်မှုဟာ၂၀၁၅ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကျေးဥက္ကဌ ဦးစောဂျော်နီဟာ သူ့ရဲ့အိမ်မှာ နေနေစဉ်မှာပဲ သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ တရားခံကိုတော့ ယခုထိ မမိသေးပါဘူး။

တင်မြင့်

play

 

သန်လျင်မြို့နယ်တွင်းက တည်းခိုခန်းတစ်ခုမှာ တရားခံပြေးကို သွားရောက်ဖမ်းဆီးတုန်း အဆိုပါတရားခံပြေးက ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားနဲ့ပြန်လည် ထိုးသတ်ခဲ့တဲ့ အမှုဟာလည်း ပြည်သူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အဆိုပါ တရားခံပြေး တင်မြင့်ဟာ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာသူဖြစ်တာကြောင့် အများပြည်သူတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ တင်မြင့်ကိုတော့ ဒီဇင်ဘာလက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့ပါတယ်။

အောင်ဇေယျတံတား သမီးရည်စား အမှု

အင်းစိန်မြို့နယ်က လမင်းရိပ်လဖက်ရည်ဆိုင်ရှေ့မှာ ရဲတစ်ဦးကို လူနှစ်ဦးက ဓားနဲ့ခုတ်ပြီး စကေဘာနဲ့ထိုးသတ်ခဲ့တဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။ အောင်ဇေယျတံတားပေါ်မှာချိန်းတွေ့နေတဲံ သမီးရည်းစားနှစ်ဦးချိန်းတွေ့နေတုန်း ကောင်လေးကို ဓားနဲ့ထောက်ပြီး ကောင်မလေးကို မုဒိမ်းကျင့်ခဲ့တဲ့အမှုနဲ့ ပက်သက်ပြီး သတ်ခံခဲ့ရတဲ့ အဆိုပါရဲက လိုက်လံစုံစမ်းနေတာဖြစ်ပါတယ်။ ယင်းအမှုဟာ ပြည်သူတွေကြား ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့ပြီး ခုချိန်ထိ တရားခံကို မမိသေးပါဘူး။

မန္တလေးကျုံးရှေ့ ယာဉ်ထိန်းရဲ သတ်ခံရမှု

မန္တလေးကျုံးရှေ့ဘက် ၁၉ လမ်းမီးပွိုင့်မှာ ယာဉ်စည်းကမ်း တာဝန်ယူတဲ့ ယာဉ်ထိန်းရဲကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမှုကိုလည်း လူတွေ အလွန်စိတ်ဝင်စားခဲ့ပါတယ်။

 အထက်ပါအမှုတွေအပြင် ကရင်ပြည်နယ်က ရွာတစ်ရွာမှာ ဆေးကြောင်နေတဲ့ ၂၆ နှစ်အရွယ် သားဖြစ်သူက မိခင်ကိုပြန်သတ်မှု၊ ပဲခူးမြို့ ဘုရားကလေးကျေးရွာမှာ စိတ်မနှံ့တဲ့ အဘိုးက ၈ နှစ်အရွယ် မြေးဖြစ်သူကို သတ်ဖြတ်ပြီး ခုတ်ထစ်စားဖို့ ကြံရွယ်မှုတွေဟာ၂၀၁၅ ခုနှစ်အတွင်း လူတွေစိတ်ဝင်စားခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ လူသတ်မှုတွေ ဖြစ်ပါတယ်။

Sources: 7Day Daily
Photos : Mizzima, မြဝတီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD