AD
AD
AD
play

 

ဒီကနေ့ (ဒီဇင်ဘာ ၃၀) နေ့လယ်က ပဲခူးရွှေဆံတော်ဘုရား ရင်ပြင်တော်ပေါ်မှာ ရဲတစ်ယောက် မိမိကိုယ်ကို မီးနဲ့ရှို့ခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၁ နာရီခွဲခန့်က အသက် ၂၅ နှစ်ခန့်ရှိ ရဲတပ်သားတစ်ယောက်ဟာ ရွှေဆံတော်ဘုရားရဲ့ အရှေ့တောင်ထောင့်ရှိ တဝဂူဘုရား အရုဏ်ခံတန်ဆောင်းမှာ ကိုယ့်ကိုယ်ကိုယ် မီးနဲ့ရှို့ပြီး သတ်သေဖို့ ကြိုးစားခဲ့တာပါ။ ဘုရားပေါ်မှာ မုခ်ဦးပန်းဆွဲလုပ်နေတဲ့ ပန်းရံလုပ်သားတွေက မီးတောက်ကိုမြင်လို့ မီးကိုငြှိမ်းပေးခဲ့ပါတယ်။

မီးရှို့သတ်သေဖို့ ကြိုးစားတဲ့ ရဲတပ်သားရဲ့အမည်မှာ မျိုးမြင့်ဖြစ်ပြီး တောင်ငူမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။ မီးလောင်ဒဏ်ရာတွေကြောင့် တောင်ငူခရိုင်ဆေးရုံက ကြပ်မတ်ကုသဆောင်မှာ တင်ပို့ကုသထားတယ်လို့ သိရပါတယ်။

Source & Photo : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD