AD
AD
AD
play

 

လက်ရှိခံစားနေရတဲ့ အယ်နီညို ရာသီဥတုအပြောင်းအလဲဟာ ၁၉၉၈ ခုနှစ်တုန်းကလိုမျိုး စံချိန်တင် ဆိုးရွားဖွယ် ရှိတယ်လို့ အမေရိကန်အာသာသအခြေစိုက်စခန်း နာဆာက သတိပေးလိုက်ပါတယ်။ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုကို လက်ရှိမှာလည်း ခံစားနေရပါပြီ။

ဒေသအချို့က ရေကြီးမှုတွေဖြစ်နေခြင်းဟာ အယ်နီညို ဝင်ရောက်နေခြင်းရဲ့ အစဖြစ်တယ်လို့ ဆိုပါတယ်။ ဗဟိုပစိဖိတ်ဒေသမှာ ရေတွေပူနွေးနေခြင်းနဲ့အတူ မြောက်နဲ့ တောင်အမေရိကဘက်ကို ရေတွေပျော်ဝင် ရောက်ရှိလျှက်ရှိပါတယ်။ ဒါဟာ ရာသီဥတု ပူနွေးလာခြင်းရဲ့ လက္ခဏာတွေပါ။

play

 

လက်ရှိမှာ တောင်အမေရိတိုက်နိုင်ငံတွေလည်း ရေကြီးမှု ခံစားနေရပါတယ်။ ဒီနှစ်ထဲမှာပဲ အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာလည်း ရေလွှမ်းမှုဒဏ် ခံစားခဲ့ရပြီး ဆုံးရှုံးမှု များခဲ့ပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ အယ်နီညိုကို လက်ရှိဆောင်းတွင်းက စပြီး နောက်ထပ် ၁၂ လလောက်အထိ ခံစားရမှာပါ။

Source & Photos : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD