AD
AD
AD
play

 

မိခင်နို့တစ်မျိုးတည်းကိုပဲ ကလေးအသက် ၆ လအရွယ်ထိ တိုက်ကျွေးမယ်ဆိုရင်  ၅ နှစ်အောက်ကလေး သေဆုံးမှုကို ၁၅ ရာခိုင်နှုန်းထိ လျော့ချပေးနိုင်ပါတယ်။ခြောက်လထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ရုံနဲ့လည်း ၅ နှစ်အောက်ကလေး သေဆုံးမှုကို ၁၃ ရာခိုင်နှုန်း လျော့ချနိုင်မှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးက ပြောကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

play

 

ခြောက်လအရွယ်ကနေ ၂ နှစ်အရွယ်ထိ မိခင်နို့ကို စနစ်တကျ တိုက်ကျွေးမယ်ဆိုရင်တော့ ၅ နှစ်ကလေး သေဆုံးမှုဟာ ၆ ရာခိုင်နှုန်းထိ လျော့ကျမှာဖြစ်ပါတယ်။

အရေးပါတဲ့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပက်သက်ပြီး စီမံချက်တွေကို ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပြီး  မိခင်နို့တိုက်ကျွေးခြင်းကို ဟန့်တားတဲ့ သဘောပါတဲ့ အစားအသောက် ရောင်းချမှုပုံစံတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေအရ အရေးယူမှာ ဖြစ်တယ်လို့ စာထုတ်ထားပါတယ်။

မြန်မာနိုင်ငံတွင်း မွေးစကနေ ၆ လထိ မိခင်နို့တိုက်ကျွေးမှုနှုန်းဟာ ၂၃ ဒဿမ ၆ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။

Sources: 7Day Daily
Photos Sources: annerley

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD