play

 

ဧရာဝတီတိုင်းဒေသကြီးက အခြေခံပညာကျောင်းတွေမှာ သင်ကြားရေးအတွက် ဆရာ၊ဆရာမနေရာပေါင်း  ၆၀၀၀ ကျော်လစ်လပ်နေတယ်လို့ သိရပါတယ်။

အခုလို ဆရာ၊ဆရာမ အင်အားလိုအပ်နေတာကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က  သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး လိုအပ်နေတဲ့ ဆရာဦးရေ အတိအကျဟာ ၆၈၁၅ ဦး ဖြစ်ပါတယ်။ အစိုးရက တရားဝင်ခွင့်ပြုသတ်မှတ်ပေးထားတဲ့ ဆရာဦးရေဟာ ၄၉၁၀၇ ယောက်ဖြစ်ပြီး လက်ရှိမှာ ၄၂၂၉၂ ယောက်သာရှိတယ်လို့ သိရပါတယ်။

လိုအပ်နေတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းအုပ် ဦးရေကတော့ ၆၇၈ ယောက်ဖြစ်ပြီး သင်ကြားရေးဆရာမဦးရေကတော့ ၆၀၀၀ ကျော်လိုအပ်တာ ဖြစ်ပါတယ်။ သင်ကြားရေးဆရာမ လိုအပ်မှု ရှိနေတာဟာ ဧရာဝတီတိုင်းဒေသကြီးတင်မကဘဲ အခြားပြည်နယ်နဲ့တိုင်းတွေမှာပါ ဖြစ်ပွားနေတာဖြစ်ပါတယ်။
Photos & Sources:The Messenger

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video