AD
AD
AD
play
မလေးရှားနိုင်ငံ၏ တရားမဝင်အလုပ်သမားများ ရှာဖွေဖမ်းဆီးမှု စစ်ဆင်ရေးတစ်ခုကို တွေ့ရစဉ်။

 

အလော်စီတာမြို့ရှိ အလုပ်သမားတန်းလျားများနှင့် အငှားချထားသော နေရာများကို ဒီဇင်ဘာလ ၂၉ ရက် နံနက် ၂ ရက်တွင် ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကေဒါး လူဝင်မှုကြီးကြပ်ရေးဌာန၏ ဒါရိုက်တာ မိုဟာမက် ယူရှရီ ဟက်ရှင်းက ပြောသည်။

ယင်းသို့ စစ်ဆေးခဲ့ရာတွင် တရားမဝင်နေထိုင်သည့် မြန်မာအမျိုးသား ၃၉ ဦးနှင့် အင်ဒိုနီးရှား အမျိုးသား ၉ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့အားလုံးကို ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အအုံအတွင်းတွင် ထိန်းသိမ်းထားပြီး ၎င်းတို့ကို  စစ်ဆေးမေးမြန်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဟု မိုဟာမက်က ပြောခဲ့သည်။

Source : The Malay Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD