play

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ မြို့မကွက်သစ်ရပ်ကွက်မှာ မနေ့ညက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်ည မီးလောင်မှုဟာ ကမ္ဘောဇဘဏ်ရှေ့၊ စွယ်တော်ရိပ် လက်ဖက်ရည်ဆိုင်အနီးက ကားတာယာအရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ည ၈ နာရီခွဲခန့်က စတင်လောင်ကျွမ်းခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၆ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ည ၉ နာရီမှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းတဲ့ ကားတာယာအရောင်းဆိုင် အပါအဝင် ဆိုင်ခန်းလေးခန်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Source & Photo : မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video