play

 

ထိုင်းနိုင်ငံ ဖူးခက်မြို့အနောက်ဘက် ပင်လယ်ထဲမှာ မြန်မာသဘောင်္တစ်စင်း အန္တရာယ်ကြုံနေပြီး သဘောင်္သား ၇ ယောက် ပျောက်ဆုံးနေတယ်လို့ ထိုင်းတော်ဝင်ရေတပ်က ကြေညာထားပါတယ်။

သင်္ဘောဟာ ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီက ဖူးခက်ကမ်းရိုးတန်းမှ ရေမိုင် ၁၁၀ အကွာ ပင်လယ်ပြင်ထဲကနေ အန္တရာယ်ကြုံနေရကြောင်း အချက်ပြအကြောင်းကြားခဲ့တယ်လို့ ဖူးခက်ရေကြောင်းရဲတပ်ဖွဲ့အရာရှိက ပြောပါတယ်။

မလေးရှားနိုင်ငံ ပီနန်းမြို့ကို ဦးတည်ခုတ်မောင်းနေတဲ့ သဘောင်္ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ဖူးခက်သတင်းဌာနက ရေးသားထားပါတယ်။ ပျောက်ဆုံး သင်္ဘောကို ထိုင်းရေတပ်က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ရှာဖွေနေတယ်လို့လည်း သိရပါတယ်။


Source & Photo : The Ladies News Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video