AD
AD
AD
play

 

ထိုင်း-မြန်မာ-အိန္ဒိယ (၃) နိုင်ငံ ဆက်သွယ်သည့် အာဆီယံ အဝေးပြေးလမ်းတွင် မြန်မာနိုင်ငံအတွင်း လမ်းပိုင်း၌ တံတား (၆၉) စင်း ကူညီတည်ဆောက်သွားရန် စီမံကိန်းကို အိန္ဒိယအစိုးရက အတည်ပြုချက်ပေးခဲ့ကြောင်း သိရသည်။

play

 

ထိုင်း-မြန်မာ-အိန္ဒိယ (၃) နိုင်ငံ ဆက်သွယ်ထားသည့် အာဆီယံ အဝေးပြေးလမ်းမပေါ်ရှိ တမူး-ကျီးကုန်း-ကလေးဝ (TKK) လမ်းပိုင်းတွင် ကုန်ကျစရိတ် ရူပီးငွေ သန်း ၃,၇၁၀ မျှရှိနိုင်သည့် ချဉ်းကပ်လမ်းများ အပါအဝင် တံတား (၆၉) စင်း တည်ဆောက်ရေးအတွက် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သည့် အစိုးရက အတည်ပြုခဲ့ခြင်းဖြစ်သည်။

play

 

အဆိုပါ စီမံကိန်းသည် အင်ဖာနှင့် မန္တလေးကြား ဘတ်စ်ကား ပြေးဆွဲရေး ဝန်ဆောင်မှုကို အကောင်အထည်ဖော်သည့် အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည့်အပြင် မြန်မာနှင့် အိန္ဒိယတို့ကြား ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ကဏ္ဍကို ပိုမို ချောမွေ့ကောင်းမွန်လာစေမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ၊ မေလအတွင်းက အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် မြန်မာအစိုးရ၏ တောင်းဆိုမှုအရ TKK လမ်းပိုင်းတွင် တံတား (၇၁) စင်း ပါဝင်တည်ဆောက်ပေးရန် အိန္ဒိယက သဘောတူ လက်ခံခဲ့ပြီးနောက် မြန်မာအစိုးရက တံတား (၂) စင်းကို စတင် တည်ဆောက်ခဲ့ကာ ကျန်တံတားများ တည်ဆောက်ရေး အလျင်အမြန် အစပြုနိုင်ရန် လိုလားခြင်းကြောင့် လက်ကျန် တံတား (၆၉) စင်းကို အိန္ဒိယအစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

Source: Bangkok Post

Photo: establishmentpost, englishnews, defence.pk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD