AD
AD
AD
play

 

ရှစ်မိုင်လမ်းဆုံတွင် တည်ဆောက်လျက်ရှိသော ခုံးကျော်တံတား၌ တံတားသံပေါင်များ တပ်ဆင်ခြင်းလုပ်ငန်းလုပ်ကိုင်ရာ တွင် လမ်းအသုံးပြုသွားလာလျက်ရှိသည့် ယာဉ်များ ထိခိုက်မှုမရှိစေရန် ဒီဇင်ဘာ (၂၉) ရက်မှစတင်၍  ညစဉ် ည (၁၀) နာရီမှ နံနက် (၆) နာရီအတွင်း (၁) လကျော် လမ်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ ခုံးကျော်တံတားသည် အလျား (၅၂၅) မီတာ၊ အကျယ် (၁၃.၄) မီတာဖြင့် ၂၀၁၆ ခုနှစ် ၊ မတ်လကုန်တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်တွင် တည်ဆောက်မှုမှာ (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီးကာ ခန့်မှန်းကုန်ကျငွေ ကျပ် (၁၅.၈) ဘီလီယံလျာထားသည်။

play

 

ထို့အပြင် ရန်ကုန်မြို့တွင်း ရှစ်မိုင်ခုံးကျော်တံတားနှင့်အတူ ကုက္ကိုင်းခုံးကျော်တံတား၊ တာမွေလမ်းငါးခွဆုံ ခုံးကျော်တံတားတို့ကိုလည်း တည်ဆောက်နေသည်။

Source: 7 Day Daily

Photo: Jay Mg Mg (Amarapura), myanmar.focuscoregroup, yangoncoconut

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD