AD
AD
AD
play

 

မြန်မာလုပ်သား (၂)ဦး အရေးနှင့် ပတ်သက်၍ ထိုင်းသံရုံး ရှေ့သို့ လာရောက်ဆန္ဒပြတောင်းဆိုမှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ဥပဒေအရ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

play

 

၎င်းလုပ်သား (၂)ဦးအတွက် ဆန္ဒပြတောင်းဆိုလိုပါက ဥပဒေအရ ခွင့်ပြုမိန့်တောင်းခံပြီး ဟစ်တိုင်နေရာနှင့် ဗိုလ်စိန်မှန်ကွင်း နေရာများ၌ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

play

 

ဗြိတိန်နိုင်ငံသားခရီးသွား (၂) ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလူငယ်(၂)ဦးကို ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ဒီဇင်ဘာလ (၂၄) ရက်၌ သေဒဏ်ချမှတ်ခဲ့ပြီးနောက် ယင်းကို ကျေနပ်မှုမရှိ၍  မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ရာ ဆန္ဒပြမှုများသည် နယ်စပ်ဒေသအထိ ပျံ့နှံ့လာသည့်အပေါ် မြန်မာအစိုးရက တားဆီးပေးစေလိုကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ပြောကြားထားသည်။

play

 

သေဒဏ်ကျခံမြန်မာ လုပ်သား(၂)ဦးအရေး ကူညီဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ထိုင်းပြည်သူများအနေဖြင့် မြန်မာလုပ်သား (၂)ဦးအပေါ် ထောက်ခံမှုရှိနေပြီး ကရုဏာသက်ရောက်နေကြောင်းနှင့် မြန်မာပြည်သူများ ဆန္ဒထုတ်ဖော်ရာတွင် လူမျိုးရေး မုန်းတီးမှု၊ အကြမ်းဖက်မှုများဖြစ်မလာစေရန်လိုအပ်ကြောင်း၊ အကယ်၍ ဖြစ်လာပါက ထိုင်းလူမျိုးများ၏ ထောက်ခံမှု လျော့ကျသွားနိုင်ကြောင်း ပြောသည်။

Source: 7 Day Daily

Photo: ဂျေမောင်မောင်(အမရပူရ), theguardian, xinhuanet, new.yahoo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD