AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ် (စီးတီးတက္ကစီ) အစီးရေ (၆)သောင်းကျော်ရှိပြီး နှစ်စဉ် စီးတီးတက္ကစီမှတ်ပုံတင် သက်တမ်းမတိုးသည့် ယာဉ် (၂)သောင်းကျော်ရှိကြောင်း သိရသည်။

play

 

စီးတီးတက္ကစီမှတ်ပုံတင်ခြင်းကို ၂၀၀၁ ခုနှစ် က စတင်၍ စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်ပေးခဲ့ပြီး၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ (၃၀) ရက်တွင် မထသ(ဗဟို)မှ လွှဲပြောင်းယူကာ နိုဝင်ဘာလ (၁) ရက်တွင် စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းလုပ်ငန်းကို မထသ(ဗဟို)လက်အောက်ရှိ ရန်ကုန်တိုင်းခရိုင် (၄)ခရိုင်တွင် လုပ်ဆောင်ခဲ့ရာ လွှဲပြောင်းယူစဉ်တွင် ရန်ကုန်မြို့တွင်း တက္ကစီအစီးရေ (၅)သောင်းကျော်ရှိပြီး လက်ရှိအချိန်တွင် (၆)သောင်းကျော်ရှိသည်။

play

 

မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ခြင်းမရှိသော အစီးရေ (၂) သောင်းကျော်သည် ခရီးသည် ကားပေါ်တွင် ပစ္စည်းမေ့ကျန်ခြင်းများ၊ အရေးပေါ်ဖြစ်စဉ်များ တိုင်ကြားသည့်အခါ မှတ်ပုံတင်သက်တမ်းမတိုးထားသော တက္ကစီယာဉ်များ ပါဝင်နေခြင်းများ တွေ့ရှိရသည်။ မထသ(ဗဟို)နှင့် ယာဉ်ကြောရှင်းလင်းရေးနှင့် စည်းကမ်း ဖျက်ယာဉ်များ ဖမ်းဆီးရေးအဖွဲ့ ပူးပေါင်းပြီး အဓိက ရှစ်မိုင်ခုံး ကျော်တံတား၊ ကုက္ကိုင်းခုံးကျော် တံတား၊ တာမွေခုံးကျော်တံတား၊ ရွှေဘုံသာလမ်း၊ ပန်းဆိုးတန်း လမ်းများတွင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများလည်း ဆောင်ရွက်နေသည်။

Source: 7 Day Daily

Photo: Sai Zaw, mmbiztoday, touryangon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD