AD
AD
AD

၂၀၁၅ ခုနှစ်အတွင်း လအလိုက် ဖြစ်ပေါ်ခဲ့တဲ့ အထင်ကရများကို စုစည်းတင်ပြပေးလိုက်ပါတယ်။

ဇန်နဝါရီလ

play

 

ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပထမဆုံးအကြိမ် နာဂမျိုးနွယ်စုအားလုံး၏ ရိုးရာနှစ်သစ်ကူးပွဲတော် ပြန်လည်ကျင်းပခွင့်ရခဲ့သည်။

ဖေဖော်ဝါရီလ

play

 

ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲကို နတ်မောက်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်သူများ သောင်းနှင့်ချီတက်ရောက်ခဲ့သည်။

မတ်လ

play

 

မတ်လ (၂၆) ရက်နေ့တွင် လက်ရှိ အစိုးရလက်ထက် နိုင်ငံဝန်ထမ်းများအား ရာထူးအဆင့်အလိုက် (၃) ကြိမ်မြောက် လစာတိုးပေးခဲ့သည်။

ဧပြီလ

play

 

ဧပြီလ (၃၀) ရက်နေ့တွင် ဒေါက်တာနေဇင်လတ်ကို သမ္မတအကြံပေးအဖြစ်မှ အနားယူခွင့်ပြုခဲ့သည်။

မေလ

play

 

မေလ (၁၂) ရက်နေ့တွင် ကမ္ဘာတစ်ဝန်းတွင် အများအကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ပေးသော သူနာပြုများအား နှစ်စဉ်ချီးမြှင့်လေ့ရှိသော ဖလောရင့်နိုက်တင်ဂေးလ်ဆုကို မြန်မာနိုင်ငံမှ သူနာပြု ဦးစနိုင်နိုင်ထွန်းရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

play

 

မေလ (၂၇) ရက်နေ့တွင် ဖုန်းပြောခမှ (၅) ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းကို ယခုဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ထားရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ဇွန်လ

play

 

ဇွန်လ (၁၆) ရက်နေ့တွင် မြန်မာ - ကိုရီးယား ချစ်ကြည်ရေးနှစ် (၄၀)ပြည့် အထိမ်းအမှတ်အဖြစ် နာမည်ကျော် ကေပေါ့ပ်အဖွဲ့များ လာရောက်ဖျော်ဖြေခဲ့သည်။

ဇူလိုင်လ

play

 

ဇူလိုင်လ (၂၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။

သြဂုတ်လ

play

 

သြဂုတ်လ (၁၇) ရက်နေ့တွင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် နှစ်ပေါင်း (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် စင်္ကာပူနိုင်ငံသို့ စတင်ပြေးဆွဲခဲ့သည်။

စက်တင်ဘာလ

play

 

စက်တင်ဘာလ (၅) ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်အား တောင်ကိုရီးယားအိုင်အယ်လ်ဂျီအေဖောင်ဒေးရှင်းက ဂုဏ်ပြုပေးအပ်ခဲ့သည်။

play

 

စက်တင်ဘာလ (၇) ရက်နေ့တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဒါဘင်မြို့တွင် ကျင်းပသည့် ကမ္ဘာ့သစ်တောများကွန်ဂရက်၌ ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၃) နေရာ၌ ရပ်တည်ကြောင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ

play

 

အောက်တိုဘာလ (၃) ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံးရေပေါ် စာအုပ်ဈေးရောင်းသင်္ဘောစာအုပ်အရောင်းပြပွဲ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

play

 

အောက်တိုဘာလ (၁၉) ရက်နေ့တွင် ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် အပေးအယူလုပ်ကိုင်နေသော လုပ်ငန်းများစွာသို့ မြန်မာနိုင်ငံဗဟိုဘဏ်က ချမှတ်ပေးထားသော နိုင်ငံခြားသုံးငွေလက်ခံကိုင်ဆောင်ခွင့် စတင်ရုပ်သိမ်းခဲ့သည်။

နိုဝင်ဘာလ

play

 

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သတင်းစာဆရာ ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ တောင်လေးလုံးကျောင်းတိုက်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဒီဇင်ဘာလ

play

 

ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ-အမေရိကန် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းက အမေရိကန်ကစ်ဘောက်ဆာချန်ပီယံဟောင်း ဆိုင်းရပ်စ်ကို ပထမအချီ (၇၁) စက္ကန့်မှာပင် အလဲထိုး အနိုင်ရရှိခဲ့သည်။

Photo: 7 Day Daily, blog.myanmarlife, e360.yale.edu, sverigesradio, themalaymailonline, themalaysianinsider, youtube, girlsdaydaily, myanmore, Phil Thornton, flymna, profit.ndtv, greetingsonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD