play

 

တက္ကသိုလ်ရိပ်သာလမ်းက အိမ်တစ်အိမ်မှာ ၈ နှစ်အရွယ် မိန်းကလေးကို နှိပ်စက်မှုနဲ့ပက်သက်ပြီး အိမ်ပိုင်ရှင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှုးကို အရေးယူလိုက်ပြီလို့ သိရပါတယ်။

အဆိုပါအမှုနဲ့ပက်သက်ပြီး တပ်မတော်တွင်းမှာ ခုံရုံးဖွဲ့စစ်ဆေးခဲ့တာဖြစ်ပြီး အိမ်ပိုင်ရှင် ဗိုလ်မှုးကျော်နုမော်မှာလည်း တာဝန်ရှိတယ်လို့ ဆုံးဖြတ်ကာ တပ်မတော်က ထုတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အဆိုပါ ၈ နှစ်အရွယ်ကလေးငယ်ကို ဗိုလ်မှုးကျော်နုမော်တို့အိမ်က အိမ်အကူအမျိုးသမီးက အိမ်ထဲမှာ လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်နေတဲ့ ပုံတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်နှံ့ခဲ့ပါတယ်။

ကြိုးတုပ်ရိုက်နှက်ခံရတဲ့ မိန်းကလေးကို ဗဟန်းမြို့နယ် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှာ ခေါ်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

Sources: 7Day Daily
Photos Sources: Myo Thein (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video