AD
AD
AD
play

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ လင်မယားနှစ်ဦးဟာ သုံးမြွှာပူးလေး မွေးဖွားခဲ့ပြီး ကလေးငယ်တွေဟာ ပေါင်မပြည့် တာကြောင့် တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ကုသနေရတယ်လို့ သိရပါတယ်။ မိဘတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုစောကုလား နဲ့ အသက် ၂၃ နှစ်အရွယ် မနော်မူမူဖောတို့ဖြစ်ပြီး ရော်ဘာစေးခြစ်လုပ်သားတွေ ဖြစ်တာကြောင့် စီးပွားရေးချို့တဲ့ပြီး ကလေးငယ်တွေအတွက် အကူအညီလိုအပ်နေပါတယ်။

play

 

တစ်လ ၅၀၀၀ ကျပ်အလှူရှင်များ ကွန်ယက်က အဆိုပါသုံးမြွှာပူးလေးတွေကို ကူညီဖို့ပြင်ဆင်နေတယ်လို့ သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပြီး အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။

ဖုန်းနံပါတ်တွေကတော့ ၀၉ ၂၆၀၀၂၅၈၅၁၊ ၀၉ ၂၆၁၅၀၂၂၅၅၊ ၀၉ ၃၁၀၆၁၉ ၆၇ နဲ့ ၀၉ ၇၉ ၃၃၇၀၂၈၆ တို့ဖြစ်ပါတယ်။

play

 

အဆိုပါကွန်ယက်ဟာ ဇန်နဝါရီ ၁ ရက်နေ့မှာ သုံးမြွှာပူးလေးတွေဆီသွားရောက်မှာ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Sources: တစ်လ ၅၀၀၀ ကျပ် အလှူရှင်များ ကွန်ရက်
Photos Sources: Meechit Zawwinchit / Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD