News: ရတဲ့နည်းနဲ့ မက်ဆီကို အားပေးတဲ့ ကလေးငယ်

ဒီကလေးငယ်ရဲ့ အားပေးမှုကို အင်တာနက်မှာ သတိထားမိလာကြပြီး ပရိသတ်တွေက လက်ဆောင်ပို့ပေးဖို့ ကြိုးစားနေကြပါပြီ။

play

 

ဘာစီလိုနာနဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမား မက်ဆီကို ကမ္ဘာမှာ အရူးအမူး အားပေးသူတွေရှိပါတယ်။ ဒါပေမယ့် အောက်ပါဓာတ်ပုံထဲက ကလေးငယ်ရဲ့ အားပေးပုံကို မြင်ရတာတော့ ဝမ်းနည်းစရာပါ။

play

 

ကောင်လေးဟာ မက်ဆီကို အားပေးချင်ပေမယ့်လည်း မက်ဆီရဲ့ အာဂျင်တီးနားဂျာစီအင်္ကျီကို ဝယ်ဖို့ အခွင့်အရေး ရှိပုံမရပါဘူး။ ဒါကြောင့် ပုံထဲမှာ မြင်ရတဲ့အတိုင်း ကျွတ်ကျွတ်အိတ်မှာ မက်ဆီရဲ့ နာမည်နဲ့ ကျောနံပတ် ရေးပြီး ဝတ်ဆင်ထားပါတယ်။ သူ့ကို ဘယ်သူက ဒါမျိုး လုပ်ပေးတယ်ဆိုတာ မသိရပေမယ့် ဒီကလေးငယ်ဟာ စစ်ဖြစ်ပွားနေတဲ့ အီရတ်မှာ နေထိုင်သူလို့ လူမှုကွန်ယက်တွေမှာ ဆိုနေကြပါတယ်။

အခုတော့ အင်တာနက်ပေါ်က ဘောလုံးပရိသတ်တွေစုပြီး အဆိုပါကလေးငယ်ဆီကို မက်ဆီရဲ့ ဘောလုံးဂျာစီ လက်ဆောင်ဝယ်ပို့ပေးဖို့ အစီအစဉ် လုပ်နေကြပါပြီ။ မက်ဆီရဲ့ အမာခံပရိသတ်အချို့ ကြိုးစားမှုကြောင့် အခုဆိုရင် မက်ဆီကိုယ်တိုင် ဒီကလေးငယ်အကြောင်းကို သိသွားပြီလို့ ဆိုပါတယ်။ ဒီကလေးငယ်အတွက် မကြာခင်မှာ မက်ဆီကိုယ်တိုင်လည်း လက်ဆောင်တစ်ခုခုပို့ပေး နိုင်ဖွယ်ရှိနေပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ