AD
AD
AD
play

 

ပုံကို ရုတ်ရက်ကြည့်လိုက်ရင် စုံတွဲတစ်တွဲက သာမန်ဆယ်လ်ဖီဓာတ်ပုံ တစ်ပုံရိုက်ထားတယ်လို့ ထင်ချင်စရာပါ။ ဒါပေမယ့် သေချာကြည့်လိုက်ရင်တော့ မျက်စိနည်းနည်းရှုပ်သွားပါလိမ့်မယ်။

စုံတွဲနှစ်ဦးဟာ ကင်မရာဘက်ကို မျက်နှာမူပြီး ဓာတ်ပုံရိုက်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးနောက်က မှန်ထဲကို ကြည့်လိုက်ရင်လည်း နောက်ထပ်မျက်နှာတစ်ခု တွေ့ရမှာပါ။ ကင်မရာကို ကြည့်နေတဲ့အမျိုးသမီးရဲ့ မျက်နှာကိုပဲ မှန်ထဲမှာ တွေ့နိုင်ပါတယ်။

play

 

ဒီဓာတ်ပုံကို 9gag မှာအရင်စတင်ခဲ့တာဖြစ်ပြီး အဲဒီနောက် ဆိုရှယ်မီဒီယာမှာ အခြေအတင်ဆွေးနွေးကြတဲ့အဆင့် ရောက်လာပါတယ်။ တစ်ချို့ကလည်း ဒီဓာတ်ပုံကို ကြည့်ပြီ သရဲခြောက်တာဆိုကာ ကြောက်ရွံ့ကြပါတယ်။

တစ်ချို့ကတော့ ဓာတ်ပုံကို ပြန်လည်ပြုပြင်ထားတာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ယက် အသုံးပြုသူတွေ ကြားမှာ ဒီဓာတ်ပုံဟာ ထင်ကြေးအမျိုးမျိုးနဲ့ အဖြေရှာမရ ဖြစ်နေပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD