News: နိုင်ငံတကာ စုစုပေါင်း စစ်အသုံးစရိတ် ပြန်လည်မြင့်မားလာ

လေးနှစ်တာအတွင်း ပထမဆုံးအကြိမ် ပြန်လည်တိုးမြင့်လာတာ ဖြစ်ပါတယ်။

play

 

နိုင်ငံတကာ စစ်သုံးစရိတ်တွေဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ပြန်ပြီးတိုးတက်လာခဲ့ကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် Stockholm International Peace Research Institute ရဲ့ အစီရင်ခံစာက ထုတ်ပြန်လိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်ဟာ လျော့ကျနေခဲ့ပေမဲ့ နောက်ဆုံး ၂၀၁၅ ခုနှစ်အတွင်းမှာတော့ နိုင်ငံတွေရဲ့ စုစုပေါင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ် ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံတွေရဲ့ စုစုပေါင်း စစ်အသုံးစရိတ် ၁.၆၇ ထရီလီယံအထိ ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်ကထက် ၁ ရာခိုင်နှုန်း တိုးမြင့်လာတာပါ။

play

 

၂၀၁၅ ခုနှစ်အတွင်း စစ်အသုံးစရိတ် အများဆုံး နိုင်ငံကတော့ အမေရိကန်ဖြစ်နေဆဲပါ။ အမေရိက စစ်အသုံးစရိတ်က ကန်ဒေါ်လာ ၅၉၆ ဘီလီယံ အထိ ရှိခဲ့ပါတယ်။ နောက်ဆုံးနှစ်ကထက် ၂.၄ ရာခိုင်နှုန်း တိုးလာတာပါ။

play

 

ဒုတိယစစ်အသုံးစာရိတ် အများဆုံး နိုင်ငံက တရုတ်ဖြစ်ခဲ့ပြီး တရုတ်ရဲ့နောက်မှာ ဆော်ဒီအာရေဗျ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း စစ်အသုံးစားရိတ်ရဲ့ တစ်ဝက်နီးပါးဖြစ်တဲ့ ၄၉ ရာခိုင်နှုန်းဟာ အမေရိကန်နဲ့ တရုတ်သုံးစွဲခဲ့တာဖြစ်ပါတယ်။

Source : sipri.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ