News: မြန်မာနိုင်ငံရဲ့ ပညာရေးအနာဂတ်

, updated

မိဘအများစုဟာလည်း ပညာရေးမှာ ထူးချွန်မှ၊ ကျောင်းကောင်းတွေမှာ တက်ပြီး ဘွဲ့လက်မှတ်ကောင်းတွေ ရယူပြီး လစာကောင်းကောင်းနဲ့ ရပ်တည်နိုင်မယ်လို့ ခံယူထားတဲ့အတွက် သားသမီးတို့ရဲ့ ပညာရေးကို အလေးထားကြပါတယ်။

play

 

အရပ်သားအစိုးရအဖွဲနဲ့ တောက်ပနေတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်တွေဟာ စီးပွားရေး၊ လူမှုရေး အခွင့်အလမ်းအပြင် စိန်ခေါ်မှုတွေနဲ့ ပြည့်နေပါတယ်။ အဲဒီထဲမှာမှ လူ့စွမ်းအားအရင်းအမြစ် မလုံလောက်မှုဟာလည်း စိန်ခေါ်မှုကြီးတစ်ရပ်အနေနဲ့ ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးစနစ်မှာဆိုရင် ပြည်ပက အတတ်ပညာရှင်တွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်မှုတွေကို ထောက်ပံ့လေ့ကျင့် ပြန်လည်မျှဝေမှုတွေ ပြုလုပ်ပေးနေပေမဲ့လည်း နိုင်ငံရဲ့ ပညာရေးစနစ်ကို စနစ်တကျ အကောင်အထည်ဖော် ပြန်လည်တည်ဆောက်ဖွဲ့စည်းဖို့လည်း လိုအပ်နေပါတယ်။

play

မိဘအများစုဟာလည်း ပညာရေးမှာ ထူးချွန်မှ၊ ကျောင်းကောင်းတွေမှာ တက် ဘွဲ့လက်မှတ်ကောင်းတွေ ရယူပြီး လစာကောင်းကောင်းနဲ့ ရပ်တည်နိုင်မယ်လို့ ခံယူထားတဲ့အတွက် သားသမီးတို့ရဲ့ ပညာရေးကို အလေးထားကြပါတယ်။

ဒါ့အပြင် မိမိရဲ့ သားသမီးအတွက် အဆင့်မြင့်ပြီး ကောင်းမွန်တဲ့ပညာရေး ဘွဲ့လက်မှတ်တွေကို အိုးမကွာ အိမ်မကွာဘဲ တက်ရောက်စေချင်တာ အမှန်ပါ။ အကယ်လို့ ပြည်ပမှာတက်ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ကာလသက်တမ်းတိုတောင်းတာကိုပဲ ရွေးချယ်ကြပါတယ်။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ နာမည်ကြီး ကျောင်းတွေထဲမှာမှ သမိုင်းအစဉ်အလာရ ခမ်းနားပြီး၊ ဗြိတိန်ကနေ အဆင့်မြင့်ပညာရေး ၀န်ဆောင်မှုတွေကို ယူဆောင်လာမယ့် ယူကေမှ လာရောက်ဖွင့်လှစ်ထားတဲ့ Dulwich College ကျောင်းက ဖြည့်ဆည်းပေးသွားမှာပါ။

play

 

အဲဒီ အခက်အခဲအားလုံးကို ဖြေရှင်းဖို့အတွက် အဖြေကတော့ ပြည်ပက ပညာရေးဝန်ဆောင်မှုပေးမယ့် သူတွေအနေနဲ့ ဘယ်လိုမျိုးတစ်ဖက်တစ်လမ်းကနေ ဖြည့်စွက်ပေးနိုင်မလဲ ၊ လက်ရှိ တက္ကသိုလ်တွေနဲ့ ကျောင်းတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နေတဲ့အချိန်မှာ နိုင်ငံတာကာက ပညာရေးဝန်ဆောင်မှု ပေးသူတွေအနေနဲ့ ဘယ်အတိုင်းအတာနဲ့ ဘယ်လောက်ထိ ပံ့ပိုးပေးသွားနိုင်မလဲဆိုတာ အဓိကကြပြန်ပါတယ်။

သေချာတာတစ်ခုကတော့ မိမိရဲ့ သား၊သမီးတွေ သက်သောင့်သက်သာနဲ့ အိုးမကွာအိမ်မကွာ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီးရယူဖို့ မျှော်လင့်ချက်ဟာ မိဘများအားလုံး မျှော်မှန်းထားတဲ့ အရာတစ်ခုပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ