News: သင်္ကြန်ရက်အတွင်း နယ်ပြန်မယ့်သူတွေ အခက်အခဲဖြစ်နေ

, updated

သင်္ကြန်ရက်အတွင်းမှာ ရန်ကုန်မြို့ကနေ နယ်ကို ပြန်ချင်ပေမဲ့ ရေယာဉ်တွေနဲ့ မော်တော်ယာဉ်တချို့ ပြေးဆွဲတာရပ် နားထားတာကြောင့် အခက်အခဲ ဖြစ်နေပါတယ်။

play


ဒီနှစ်သင်္ကြန်တွင်းမှာ နယ်ပြန်မယ့် ခရီးသည်တွေအတွက် ရေယာဉ်နဲ့ မော်တော်ယာဉ် အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ သင်္ကြန်ရက်အတွင်းမှာ ရန်ကုန်မြို့ကနေ နယ်ကို ပြန်ချင်ပေမဲ့ ရေယာဉ်တွေနဲ့ မော်တော်ယာဉ်တချို့ ပြေးဆွဲတာရပ် နားထားတာကြောင့် အခက်အခဲ ဖြစ်နေရတယ်လို့ ဘိုကလေးမြို့နယ်ခံ ဦးဝင်းခိုင်က ပြောပါတယ်။

play


သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်မှာ အနယ်နယ်အရပ်ရပ်ကနေ လာရောက် အလုပ်လုပ်ကိုင်နေသူတွေက မိမိတို့နေရပ် ဇာတိရပ်ရွာ အသီးသီးကို ပြန်ကြတဲ့အတွက် ယာဉ်စီးခနှုန်းတွေလည်း နှစ်လောက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ သင်္ကြန်ရက်အတွင်း ရန်ကုန်မြို့ထဲပြေးဆွဲနေတဲ့ ယာဉ်စီးခတွေလည်း ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ရေယာဉ်အားလုံးလည်း ရပ်နားထားတယ်လို့သိရပါတယ်။

play


ပုံမှန်ပြေးဆွဲနေတဲ့ ရေယာဉ်တွေကလည်း နှစ်ဆန်းတစ်ရက်နေ့မှ မြို့နယ်၊ကျေးရွာတွေကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာမှာဖြစ်တာကြောင့် သင်္ကြန်တွင်းမှာ ရေလမ်းခရီးနဲ့ နေရပ်ပြန်မယ့် ခရီးသည်တွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
Source: CBN
Photo: mipo, Travel Blog

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ