News: ဆံကေသာပုံသွင်းခြင်းနှင့် ဆံသားထိန်းသိမ်းစောင့်ရှောက်ခြင်း

ဒီနေ့ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ hair style အလန်းလေးနဲ့ ကောင်မလေးတွေ နေရာယူလာကြတယ်ဆိုတာ သင်သိပါရဲ့လား။ ဟုတ်ပါတယ်။ ဒီလိုကြွကြွရွရွနဲ့ လှပနေဖို့ဆိုရင် hair style ကပုံစံမပျက်စတိုင်ကျနေဖို့လိုပါတယ်။ အဲဒီလိုဖြစ်နေဖို့ဆိုရင်တော့ အမြဲတမ်းပုံသွင်းပေးနေရမှာပါ။

 

play

ဒီနေ့ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ hair style အလန်းလေးနဲ့ ကောင်မလေးတွေ နေရာယူလာကြတယ်ဆိုတာ သင်သိပါရဲ့လား။ ဟုတ်ပါတယ်။ ဒီလိုကြွကြွရွရွနဲ့ လှပနေဖို့ဆိုရင် hair style ကပုံစံမပျက်စတိုင်ကျနေဖို့လိုပါတယ်။ အဲဒီလိုဖြစ်နေဖို့ဆိုရင်တော့ အမြဲတမ်းပုံသွင်းပေးနေရမှာပါ။

play

 

 

ဒါပေမဲ့ အဲဒီလိုအမြဲတမ်းပုံသွင်းပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မနက်ပိုင်း မှန်ထဲမှာ ကိုယ့်စိတ်ကြိုက်ပုံသွင်းထားတဲ့ hair style အမိုက်စားလေးကို သဘောကျကျေနပ်နေပေမဲ့ နေ့လယ်လည်း ရောက်ရော စပြီးစိတ်ညစ်ရတော့တာပါပဲ။

လေတစ်ချက်အဝှေ့မှာ ကိုယ့်အသည်းတွေ စွေ့ကနဲ့စွေ့ကနဲဖြစ်ရတာ တကယ်တော့ ပုံသွင်းထားတဲ့ဆံပင်လေးပုံစံပျက်သွားလို့ဆိုတာ ကောင်မလေးတွေပဲ နားလည်နိုင်မယ် ထင်တယ်နော်။

play

စိတ်လွတ်ကိုယ်လွတ် တက်ကြွတဲ့ ခြေလှမ်းလေးနဲ့ ခေါင်းလေးရမ်းပြီး လှလှပပ ဝေ့၀ဲသွားမယ့် စိတ်ကူးယဉ်အိပ်မက်ထဲက ဆံပင်ပုံစံလေးကို ကောင်မလေးတော်တော်များများ ရူးသွပ်တတ်ကြပါတယ်။ သို့ပေမဲ့လည်း ဆံပင်ပုံပျက်ပြီး ရှုပ်ပွသွားမလား ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အိနြေ္ဒရှင်မကြီးလို ကြွကြွရွရွ လမ်းလေးလျှောက်ပြီး မှန်မြင်တိုင်းခိုးခိုးကြည့်လို့ ခေါင်းဖြီးရတာလည်း အမောပါပဲ။

အပြင်တွေများ ထွက်ရပြီဆိုရင် နေအပူရှိန်ကြောင့်ထင်ပါရဲ့၊ ခေါင်းချွေးတွေထွက်၊ ဖုန်တွေက ကပ်နဲ့ လက်ချောင်းလေးတွေနဲ့ ထိုးဖွလိုက်ရင်တောင် ဆံပင်တွေ ငြိကုန်ပြီး ဆံပင်လေးတွေတောင် ငိုချင်စိတ်ပေါက်မိလောက်ပါရဲ့။ တစ်ခါတလေ လူရှေ့သူရှေ့ လေအဝှေ့မှာ ရှုပ်ပွသွားတဲ့ဆံပင်ပုံစံကြောင့် ပြေးပုန်းချင်စိတ်တောင် ပေါက်ရပါတယ်။

ဒါတွေကို အဆင်ပြေအောင် ဘယ်လိုဖြေရှင်းရပါမလဲ။

play

 

အခုတော့ အဲဒီအခက်အခဲတွေကို အပြီးအပိုင် နှုတ်ဆက်လိုက်ပါပြီ။ ယခုအသစ်ထွက်ရှိလာတဲ့ Sunsilk ပန်းရောင် ခေါင်းလျှော်ရည်မှာ နောက်ဆုံးပေါ် Flexishield နည်းပညာနဲ့ ထုတ်လုပ်ထားလို့ ဆံသားကို အလွှာတစ်ခုအနေဖြင့် ဖုံးအုပ်ကာကွယ်ပေးထားပြီး ပတ်ဝန်းကျင်ဒဏ်၊ ရာသီဥတု ဒဏ်များကြောင့် ဆံသားခြောက်သွေ့ပြီး၊ ရှုပ်ပွလွယ်၊ ဆံပင်ပုံပျက်လွယ်ပြီး ထိန်းသိမ်းရခက်တဲ့ စိတ်ညစ်စရာ နေ့ရက်လေးတွေကို ကျောခိုင်းနိုင်ပြီပေါ့။ အုန်းဆီ၊ သံလွင်ဆီ၊ ဗန်ဒါဆီ၊ ကာမန်လီယာပန်းအဆီ၊ Argan လို့ခေါ်တဲ့ သဘာဝအဆီ ၅ မျိုးကလည်း ဆံနွယ်လေးတွေကို အာဟာရဖြည့်ပေးလို့ ချောမွေ့နူးညံ့တဲ့ ဆံကေသာအလှကိုလည်း ပိုင်ဆိုင်ရမှာပါ။

play

Sunsilk ပန်းရောင်ခေါင်းလျှော်ရည် အသစ်ကိုသုံးထားရင် လက်လေးနဲ့ သပ်ချလိုက်ရုံနဲ့စတိုင်ကျကျ အမြဲလန်းလို့ရပြီပေါ့။ ပြေးလိုက်၊ ခုန်လိုက်၊ ယိမ်းလိုက်၊ ကလိုက်။ ဆံပင်ပုံစံပျက်မှာပူစရာမလိုဘဲ စိတ်ရှိတိုင်းအပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ပြီလေ။ Sunsilk ပန်းရောင်အသစ်ကြောင့် စိတ်တိုင်းကျလှပစေမယ့် ဆံကေသာနဲ့ ပျော်ရွှင်ဖွယ်နေ့ရက်လေးကို ပိုင်ဆိုင်လို့ရပါပြီနော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ