News: ကျပ်သိန်း ၁၀၀ နှင့် ရွှေ ၃ ကျပ်သားအပါအဝင် ဆုမဲပေါင်းရာ ချီချီးမြှင့်မည့်ကံစမ်းမဲအစီအစဉ်တစ်ရပ်ကို ခနောကပြုလုပ် လျက်ရှိ

ငွေကျပ် သိန်း ၁၀၀ နဲ့ ရွှေ ၃ ကျပ်သားအပါအဝင် ဆုမဲပေါင်း ရာနဲ့ချီပြီးချီးမြှင့်သွားမယ့် ကံကောင်းခြင်းဟင်းလျာများ ဆိုတဲ့ အစီအစဉ်ကို ခနောကနေ ပြုလုပ်လျက်ရှိပါတယ်။

ငွေကျပ် သိန်း ၁၀၀ နဲ့ ရွှေ ၃ ကျပ်သားအပါအဝင် ဆုမဲပေါင်း ရာနဲ့ချီပြီးချီးမြှင့်သွားမယ့် ကံကောင်းခြင်းဟင်းလျာများ ဆိုတဲ့ အစီအစဉ်ကို ခနောကနေ ပြုလုပ်လျက်ရှိပါတယ်။

ကံကောင်းခြင်းဟင်းလျာများ အစီအစဉ်ကို Unilever မြန်မာ၊ ခနောကနေပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့အထိပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကံစမ်းမဲပေါက်၊မပေါက်သိနိုင်တဲ့နည်းလမ်းကလည်း အလွန်ရိုးရှင်းလွယ်ကူပြီး ၁၀၀ ကျပ်တန်ခနောအထုပ်ငယ်တွေကို ဖောက်ကြည့်လိုက်ရုံနဲ့ ဘယ်ဆုမဲပေါက်တယ်ဆိုတာကို ချက်ချင်းတွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဆုမဲပေါက်ပြီး ကံထူးပြီ ဆိုရင်တော့ ခနောအထုပ်ငယ်တွေရဲ့ အပြင်ဘက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီး ဆုမဲကုဒ်နဲ့အခြားလိုအပ် တဲ့အချက်အလက်တွေကို ခနော ကိုပြောပြပေးအပ်ရမှာပါ။ ပြီးရင်တော့ ရန်ကုန်မြို့ရှိ Unilever ခနောရုံးမှာ ဆုမဲပေါက်ထားတဲ့ ခနောအထုပ်နဲ့ သွားရောက်ထုတ်ယူနိုင်ပါပြီ။ ဆုမဲပေါက်တဲ့အထုပ်ငယ်ကို ခနောက စစ်ဆေးပြီးလို့ မှန်ကန်တယ်ဆိုရင်တော့ ခနောကနေပြီး ချီးမြှင့်တဲ့ဆုအပြင် ဆုမဲလာထုတ်ဖို့အတွက်ကုန်ကျတဲ့ သွားလာစရိတ်ကိုပါ ပြန်လည်ပေးအပ်သွားဦးမယ်လို့လည်း သိရပါတယ်။

အခုလို ကံကောင်းခြင်းဟင်းလျာများဆိုတဲ့အစီအစဉ်ကို ပြုလုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ ပွဲတော်ချိန်ခါရာသီမှာ မိသားစုတွေစုစုစည်းစည်းပေါင်းဆုံပြီး အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်စားကာ ချိုမြိန်တဲ့မိသားစုအချိန်လေးများ ပိုင်ဆိုင် ကြစေလိုတဲ့အတွက်ဖြစ်တယ်လို့ Unilever မြန်မာ၊ ခနောကနေပြီး ကြေညာထားပါတယ်။

မနှစ်တုန်းကလည်း ခနောကနေပြီး အနံ့၊အရသာအပြည့်၊ ဆုကြီးတွေအပြည့်ဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံး ပရိုမိုးရှင်းအစီအစဉ်ကို ပြုလုပ်ခဲ့သေးပြီး ငွေကျပ် သိန်း ၁၀၀ ဆု၊ ၁၀ ဆု နဲ့ Clear ၊ Sunsilk နဲ့ Signal စတဲ့ ထိပ်တန်း လူသုံးကုန်အမှတ်တံဆိပ် ဆုမဲပေါင်း ၅ . ၅ သန်းကျော်ကို စားသုံးသူတွေကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ ခနောကြက်သားမှုန့်၊ ခနောဆန်ပြုတ်နဲ့ ခနောတုန်ယမ်း ဆိုတဲ့ ထုတ်ကုန် ၃ မျိုးကို ကမ္ဘာ့ထိပ်တန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Unileverရဲ့ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းခွဲ Unilever မြန်မာကနေပြီး မြန်မာနိုင်ငံမှာ ဖြန့်ဖြူးရောင်းချလျက်ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ