News: မြန်မာအသင်းနဲ့ ဆူဇူကီးအကြိုဗိုလ်လုပွဲကစားမယ့် ထိုင်းအသင်းရောက်ရှိ

နည်းပြချုပ်ကိုင်တီဆက် ဦးဆောင်လာတာပါ။

play

 

မြန်မာအသင်းနဲ့ ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲ ပထမအကျော့ ယှဉ်ပြိုင်ဖို့ နည်းပြချုပ်ကိုင်တီဆက် ဦးဆောင်တဲ့ ထိုင်းအသင်းက ဒီဇင်ဘာ ၁ ရက် မွန်းလွဲ၂ နာရီလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာတယ်လို့ သိရပါတယ်။

play

 

လက်ရှိချန်ပီယံထိုင်းအသင်းမှာ ကစားသမား ၂၃ ဦး လိုက်ပါလာခဲ့ပြီး ရန်ကုန်မြို့က Rose Garden ဟိုတယ်မှာ တည်းခိုနေထိုင်သွားမယ်လို့ သိရပါတယ်။

play

 

မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့က ၂၀၁၆ ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့အဖြစ် ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ