News: ဆမ်ဆောင်းကနှစ်ကုန်အထူးအစီအစဉ်အဖြစ် ၂၀၁၆ အတွင်းအထူးခြားဆုံး မိုဘိုင်းဖုန်း နှင့်အိမ်သုံးလျှပ်စစ်ပစ္စည်းများရောင်းချပွဲ ကျင်းပ

Samsung Myanmar ရဲ့ Year End Mega Sale မှာ Samsung Galaxy မိုဘိုင်းလ်ဖုန်းတွေကို အထူးအစီအစဉ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ဒီဇင်ဘာလ၊ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပသွားမှာ ဖြစ်ပါတယ်။

play

 

Samsung Myanmar ကနေပြီး နှစ်ကုန်အထူးအစီအစဉ်အဖြစ် Year End Mega Sale နဲ့ Samsung Golden Lucky Draw ပရိုမိုးရှင်းအထူးဈေးရောင်းပွဲတွေကို ဒီဇင်ဘာလ၊ ၅ ရက်နဲ့ ၆ ရက်နေ့ကစတင်ပြီး ကျင်းပရောင်းချလျက်ရှိပါတယ်။

Samsung Myanmar ရဲ့ Year End Mega Sale မှာ Samsung Galaxy မိုဘိုင်းလ်ဖုန်းတွေကို အထူးအစီအစဉ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ဒီဇင်ဘာလ၊ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပသွားမှာ ဖြစ်ပါတယ်။

Samsung Golden Lucky Draw အစီအစဉ်ကတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အထူးပရိုမိုးရှင်းနဲ့ရောင်းချပေးမှာ ဖြစ်ပြီး ဒီဇင်ဘာလ၊ ၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပမှာပဲ ဖြစ်ပါတယ်။

Year End Mega Sale အစီအစဉ်အရ စမတ်ဖုန်း၊ ဒါမှမဟုတ် တက်ဘလက်ဝယ်ယူသူတွေဟာ ကျပ် ၁၀၀၀၀ ကနေ ကျပ် ၄၀၀၀၀ အထိလက်ငင်းငွေသားကျေးဇူးတုံ့ပြန်မှုတွေကို ရရှိနိုင်မှာဖြစ်တဲ့အပြင် ကျပ် ၂၀၀၀၀ ကနေ ၇၀၀၀၀ ကျော်တန်ဖိုး ရှိတဲ့ လက်ဆောင်တွေကိုလည်း ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Year End Mega Sale အစီအစဉ်မှာ J1 (2016)၊ J2၊ J2 Prime၊ J3၊ On 7၊ J7 (2016)၊ J7၊ J5 Prime၊ Tab J 7”၊ J7 Prime၊ Tab A 8” LTE၊ Tab A 10.1”၊ A7 (2016)၊ A9 Pro၊ Note 5၊ S7 Edge၊ Tab S2 VE 8” နှင့် Tab S2 VE 9.7” စတဲ့ Samsung Galaxy မိုဘိုင်းလ်ဖုန်းနဲ့ တက်ဘလက်မော်ဒယ်လ်တွေပါဝင်ပြီး လက်ငင်းငွေသားကျေးဇူးတုံ့ပြန်မှုနဲ့အတူ လက်ဆောင်တွေကိုလည်း ရရှိနိုင်မှာဖြစ်ကာ ဝယ်ယူတဲ့မော်ဒယ်လ်အလိုက် ပေးအပ်တဲ့လက်ဆောင်တွေကတော့ ကွဲပြားမှု ရှိမှာ ဖြစ်ပါတယ်။

Samsung Golden Lucky Draw အစီအစဉ်မှာတော့ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ တီဗွီ၊ ဖုန်စုပ်စက် နှင့် မိုက်ခရိုဝေ့ဗ် အစရှိတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူသူတွေကို ၂၀၁၇ ခုနှစ်ပြက္ခဒိန်ကိုလက်ဆောင်အဖြစ်ပေးအပ်မယ့်အပြင် ရွှေ (၅) ကျပ်သားဆွဲပြား (၁) ဆု၊ ရွှေ (၃) ကျပ်သားဆွဲပြား (၃) ဆု နဲ့ ရွှေ (၁) ကျပ်သားဆွဲပြား (၁၀၀) ဆု တို့ပါဝင်ကံစမ်းနိုင်မယ့် ကံစမ်းမဲကူပွန်ရရှိမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ