News: စက္ကန့် ၆၀ အတွင်း ဝယ်သူကိုဘယ်လိုဆွဲဆောင်မလဲ

ကိုယ့်ရဲ့ အိုင်ဒီယာကို ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေမျိုးမှာရောင်းချရမယ်၊ ပြောပြရမယ်ဆိုတာ ကြိုမသိနိုင်ပါဘူး။ တစ်ခါတလေမှာ မမျှော်လင့်ဘဲ ကိုယ့်ရဲ့အိုင်ဒီယာကိုတစ်ယောက်ယောက် သဘောကျလက်ခံဖို့ ရုတ်တရက် ပြောရတာမျိုးရှိလာနိုင်ပါတယ်။

 

play

 

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ကိုယ့်ရဲ့ အိုင်ဒီယာကို ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေမျိုးမှာရောင်းချရမယ်၊ ပြောပြရမယ်ဆိုတာ ကြိုမသိနိုင်ပါဘူး။ တစ်ခါတလေမှာ မမျှော်လင့်ဘဲ ကိုယ့်ရဲ့အိုင်ဒီယာကိုတစ်ယောက်ယောက် သဘောကျလက်ခံဖို့ ရုတ်တရက် ပြောရတာမျိုးရှိလာနိုင်ပါတယ်။ အဲဒီလိုပြောရတဲ့လူက ရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိတဲ့သူ၊ ကိုယ့်ရဲ့ဖောက်သည်ဖြစ်လာ နိုင်သူ၊ ဒါမှမဟုတ် သတင်းမီဒီယာသမား စတာတွေဖြစ်နိုင်ပါတယ်။ ကိုယ်ပြောရမယ့်သူက ဘယ်လိုလူပဲဖြစ်ပါစေ ကိုယ့်ရဲ့ အိုင်ဒီယာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ကုန်ပစ္စည်းကို တစ်ဖက်လူလက်ခံသွားစေဖို့ အချိန်တိုအတွင်းဆွဲဆောင်နိုင်ဖို့ကတော့ အရေးကြီးတာ အမှန်ပါပဲ။ ဒါကြောင့် အချိန်တစ်မိနစ်လောက်အတွင်းမှာ တစ်ဖက်လူကိုဆွဲဆောင်နိုင်ဖို့ အထောက်အကူပြုနိုင်မယ့် အချက်တွေကို ဝေမျှပေးချင်ပါတယ်။

၁။ မေးခွန်းအချို့နဲ့စတင်ပါ

ကိုယ့်ကုန်ပစ္စည်း၊ အိုင်ဒီယာအပေါ်တစ်ဖက်လူရဲ့စိတ်ဝင်စားမှုကို ချက်ချင်းရရှိနိုင်ဖို့ မေးခွန်းတစ်ချို့နဲ့စတင်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ ကိုယ့်ရဲ့အိုင်ဒီယာ၊ ကုန်ပစ္စည်းကပေးနိုင်တဲ့အကျိုးသက်ရောက်မှုနဲ့ဆိုင်တဲ့ မေးခွန်းမျိုးကို မေးရမှာပါ။ ဥပမာ သင်က ပလတ်စတစ်ပစ္စည်းတွေကိုပြန်လည်အသုံးပြုပြီးထုတ်လုပ်တဲ့လုပ်ငန်းမျိုးနဲ့ပတ်သက်ပြီး ဆွဲဆောင်မယ်ဆိုရင် '' တစ်နှစ်ကိုပလတ်စတစ်ပစ္စည်းစွန့်ပစ်မှုပမာဏက ဘယ်လောက်အထိရှိလဲဆိုတာ သိပါသလား " ဆိုတဲ့မေးခွန်းမျိုးကို မေးကြည့်ပြီးမှ ကိုယ့်လုပ်ငန်းအကြောင်း၊ အိုင်ဒီယာအကြောင်းဆက်ပြီး ပြောဆိုသင့်ပါတယ်။

၂။ မေးခွန်းအတွက် ဖြေရှင်းဖို့နည်းလမ်းတွေကို ပုံဖော်ပြပါ

သင်ထုတ်လိုက်တဲ့မေးခွန်းအတွက် ဖြေရှင်းရမယ့်နည်းလမ်းကို ရိုးရိုးကြီးပြောချလိုက်တာထက်၊ ဒီလိုဆိုရင် ဘယ်လိုဖြစ်သွားမလဲတွေးကြည့်ပါခင်ဗျာ ဆိုတဲ့စကားမျိုးတွေနဲ့ကိုယ့်ဖြေရှင်းနည်း၊ကိုယ့်အိုင်ဒီယာကိုတစ်ဖက်လူရဲ့ စိတ်ထဲပုံဖော်ကြည့်ခိုင်းတာက ပိုမိုထိရောက်မှာပဲ ဖြစ်ပါတယ်။

play

 

၃။ ကိုယ့်ကိုယ်ကိုယ် ပြဿနာရဲ့ အဖြေအဖြစ် မိတ်ဆက်ပါ

ပြဿနာအတွက်ဖြေရှင်းနည်းကို တစ်ဖက်လူရဲ့စိတ်ထဲပုံဖော်ခိုင်းပြီးပြီဆိုရင်တော့ ကိုယ်ဟာအဲဒီဖြေရှင်းနည်းအတိုင်း ဆောင်ရွက်နိုင်သူ၊ အကောင်အထည်ဖော်နိုင်သူဖြစ်ကြောင်း မိတ်ဆက်ပေးရမှာပါ။ ဒီလိုမိတ်ဆက်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့အိုင်ဒီယာ၊ ကုန်ပစ္စည်း ဟာ ပြဿနာကိုဖြေရှင်းနိုင်ကြောင်းတစ်ဖက်လူရဲ့စိတ်ထဲလက်ခံသွားနိုင်မှာပဲ ဖြစ်ပါတယ်။

၎။ အသေးစိတ်တွေရှင်းပြနေဖို့ မလိုသေးပါဘူး

ဒီလိုအခွင့်အရေးရတုန်း ရုတ်တရက်ပြောရတဲ့အချိန်မျိုးမှာ ကိုယ့်ကုန်ပစ္စည်း၊ အိုင်ဒီယာအကြောင်း အသေးစိတ်တွေရှင်းပြနေဖို့ မလိုသေးပါဘူး။ ခြုံငုံပြီးနားလည်အောင်ရှင်းပြနိုင်ရင်ရပါပြီ။ ကိုယ့်ဘက်ကအသေးစိတ်တွေ ပြောနေရင်လည်း ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက်တွေ့တဲ့အချိန်မျိုးမှာ တစ်ဖက်လူက အသေးစိတ်အချက်အလက်တွေကို စိတ်ဝင်စားမှာမဟုတ်လို့ပါဘဲ။

၅။ နားထောင်သူနဲ့ကိုက်ညီမယ့် တင်ပြပုံမျိုးဖြစ်ပါစေ

 ကိုယ်ပြောပြရမယ့်သူက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အထက်မှာပြောခဲ့တဲ့အဆင့်တွေအတိုင်း မေးခွန်းထုတ်၊ အဖြေရှာ၊ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဆိုတာတွေကို လုပ်ဆောင်ရမှာမှန်ပေမဲ့ အသုံးအနှုန်းနဲ့ ပြောဟန်၊ ဆိုဟန်တွေက နားထောင်မယ့်တစ်ဖက်လူ၊ ဒါမှမဟုတ် လူအများနဲ့ကိုက်ညီတာမျိုး ဖြစ်ဖို့လိုပါတယ်။ သာမန်စီးပွားရေးလုပ်ငန်းရှင်တစ် ယောက်ကို သိပ္ပံဆိုင်ရာအသုံးအနှုန်းမျိုးတွေနဲ့ သွားပြောမယ်ဆိုရင်တစ်ဖက်လူက စိတ်ဝင်စားဖို့နေနေသာသာ၊ နားတောင်လည်မှာ မဟုတ်ပါဘူး။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ