News: အန်းဒရွိုက်ဖုန်းတွေမှာ အင်တာနက်မြန်နှုန်းကို မြှင့်တင်နိုင်မယ့် အချက် ၅ ချက်

တခြားသူတွေ လိုင်းဘယ်လောက်ကောင်းနေနေ ကိုယ့်ရဲ့ အန်းဒရွိုက်ဖုန်းမှာကျ အင်တာနက်လိုင်းက ကောင်းတယ်လို့ကို မရှိဘူးဆိုတာမျိုး ကြုံနေရပါသလား၊

 

play

 

တခြားသူတွေ လိုင်းဘယ်လောက်ကောင်းနေနေ ကိုယ့်ရဲ့ အန်းဒရွိုက်ဖုန်းမှာကျ အင်တာနက်လိုင်းက ကောင်းတယ်လို့ကို မရှိဘူးဆိုတာမျိုး ကြုံနေရပါသလား၊ ကြုံဖူးပါသလား။ ဒါဆိုရင်အောက်မှာ ဖော်ပြထားတဲ့အချက် ၅ ချက်ကို လုပ်ဆောင်ကြည့်ပါ။ သင့်ဖုန်းရဲ့ အင်တာနက်အမြန်နှုန်းက အရင်ထက်ပိုမြန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

၁။ ဖုန်းရဲ့ cache ကိုရှင်းလင်းပါ

အန်းဒရွိုက်ဖုန်းတွေမှာ Cache မှတ်ဉာဏ်ပြည့်နေရင် အင်တာနက်သုံးတဲ့အခါ နှေးကွေးလေးလံနေတာမျိုးနဲ့ ကြုံရတတ်ပါတယ်။ ဒါကြောင့်ဖုန်းရဲ့ Cache မှတ်ဉာဏ်ကို မကြာခဏရှင်းပေးဖို့လိုပါတယ်။ Cache မှတ်ဉာဏ်ကို ရှင်းဖို့အတွက် ပြင်ပ app တစ်မျိုးမျိုးကိုအသုံးပြုနိုင်သလို ဖုန်းရဲ့ setting ကနေပဲရှင်းလို့လည်း ရပါတယ်။

၂။ အသုံးမပြု၊ အသုံးမဝင်တဲ့ App တွေကို ဖုန်းထဲကနေရှင်းလင်းပစ်ပါ

ကိုယ်လည်းအသုံးမပြု၊ ကိုယ့်အတွက်လည်း အသုံးမဝင်တော့တဲ့ အက်ပလီကေးရှင်းတွေကို ရှင်းပစ်ဖို့လိုပါတယ်။ ဒီအက်ပလီကေးရှင်းတွေက အင်တာနက်ဖွင့်လိုက်တဲ့အခါ အလိုလိုဒေါင်းလော့ဒ်ဆွဲနေတာမျိုးတွေလုပ်နေရင် အင်တာနက်အမြန်နှုန်းကလည်း ကျဆင်းနေမှာဖြစ်ပါတယ်။

၃။ ကိုယ့်ဖုန်းက အမြင့်ဆုံးချိတ်ဆက်နိုင်တဲ့ နက်ဝပ်ကိုချိတ်ဆက်ထားပါ

ကိုယ့်ဖုန်းက 3G ရတယ်ဆိုရင် 3G ၊ 4G Lte ရတယ်ဆိုရင် 4G Lte တို့ကိုပြောင်းလဲချိတ်ဆက်ထားဖို့လည်း လိုပါတယ်။ ဒါမှသာအမြန်ဆုံးနှုန်းကိုရရှိနိုင်မှာပါ။ ကိုယ့်ရဲ့ နက်ဝပ်ကို ပြောင်းလဲချိတ်ဆက်တာကိုတော့ ဖုန်း setting ထဲမှာ အလွယ်တကူပဲ လုပ်ဆောင်နိုင်ပါတယ်

၎။ အမြန်ဆုံး web browser ကိုသုံးပါ

 UC Browser၊ Chrome တို့လို Browser မျိုးတွေဟာ ယေဘုယျအားဖြင့် အင်တာနက်သုံးစွဲရတာမြန်ဆန်တဲ့ Browser တွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို Browser မျိုးတွေရဲ့ နောက်ဆုံးထွက်ဗားရှင်းနဲ့ အင်တာနက်အသုံးပြုပါ။ Browser တွေတင်မကဘဲ ကိုယ့်ဖုန်းထဲက Facebook ၊ Gmail တို့လို App တွေကိုလည်း အမြဲတမ်း နောက်ဆုံးဗားရှင်းဖြစ်နေအောင် Update လုပ်ထားမယ်ဆိုရင် အင်တာနက်သုံးစွဲရတာပိုမိုမြန်ဆန်နေမှာပဲ ဖြစ်ပါတယ်။

၅။ အန်းဒရွိုက်အက်ပလီကေးရှင်းတွေ အသုံးပြုပါ

အင်တာနက်အမြန်နှုန်းကို ပိုမိုမြန်ဆန်စေနိုင်တဲ့ အန်းဒရွိုက်အက်ပလီကေးရှင်းတွေ Google Play မှာတကယ်ပဲရှိနေပြီး အခမဲ့လည်း ရယူနိုင်ပါတယ်။ Internet Speed Booster ၊ Internet Booster တို့လိုအက်ပလီကေးရှင်းမျိုးတွေကို အခမဲ့ဒေါင်းလော့ဒ်ရယူပြီး သုံးစွဲနိုင်ပါတယ်။

ဒီဆောင်းပါးကို အူရီဒူးမြန်မာ က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ