News: လူအများဆုံးတစ်ပြိုင်တည်းခုန်၍ လက်ဝါးရိုက်ခြင်းကို မြန်မာနိုင်ငံမှာ ဂင်းနစ်စံချိန် တင်နိုင်ခဲ့

Lifebuoy ကျန်းမာရေးဆပ်ပြာရဲ့ စီစဉ်မှုနဲ့ လူအများဆုံးတစ်ပြိုင်နက်တည်းခုန်ပြီး လက်ဝါးခြင်းရိုက်ခြင်း (High Five) ကို ဂင်းနစ်ကမ္ဘာ့စံချိန်တင်အောင် မြန်မာနိုင်ငံမှာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ Lifebuoy ကျန်းမာရေးဆပ်ပြာရဲ့ ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။

 

play

 

Lifebuoy ကျန်းမာရေးဆပ်ပြာရဲ့ စီစဉ်မှုနဲ့ လူအများဆုံးတစ်ပြိုင်နက်တည်းခုန်ပြီး လက်ဝါးခြင်းရိုက်ခြင်း (High Five) ကို ဂင်းနစ်ကမ္ဘာ့စံချိန်တင်အောင် မြန်မာနိုင်ငံမှာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ Lifebuoy ကျန်းမာရေးဆပ်ပြာရဲ့ ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။

Lifebuoy ရဲ့စီစဉ်မှုနဲ့ အောက်တိုဘာလ၊ ၂၅ ရက်နေ့က အလုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀၀ စုပေါင်းပြီး Lifebuoy နဲ့အတူ ဆပ်ပြာနဲ့လက်ဆေးခြင်းရဲ့အရေးပါပုံကို အသိပညာမြှင့်တင်ပေးနိုင်ဖို့အတွက် ၅ စက္ကန့်အတွင်း လေထဲခုန်၍လက်ဖဝါးခြင်းရိုက်ကာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။

 အဲဒီလို ကြိုးစားခဲ့ရာမှာ အထောက်အထားဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေအရ လူပေါင်း ၉၈၂ ယောက်က လက်ဝါးခြင်းရိုက် နိုင်ခဲ့ကြောင်းတွေ့ရှိရတာကြောင်း Guiness World Record ကနေ စံချိန်သစ်အဖြစ် အသိအမှတ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

play

 

ယခင်က လူအများဆုံးတစ်ပြိုင်တည်းခုန်ပြီး လက်ဝါးခြင်းရိုက်တဲ့နေရာမှာ ဂင်းနစ်စံချိန်တင်ထားတာကတော့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က အမျိုးသား၊အမျိုးသမီးတွေဖြစ်ပြီး တစ်ပြိုင်တည်း ၈၆၄ ယောက်က လေထဲမှာလက်ဝါးခြင်းရိုက်ထားနိုင်တာ ဖြစ်ပါတယ်။

Unilever ရဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Lifebuoy ဆပ်ပြာဟာ အဲဒီလို လူအများဆုံးတစ်ပြိုင်တည်းခုန်၍ လက်ဝါးခြင်း ရိုက်ခြင်းကို (၉) ကြိမ်မြောက်ကမ္ဘာ့လက်ဆေးရေးနေ့အထိမ်းအမှတ် အဖြစ်သာမက Help A Child Reach 5 လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့လည်း လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်မှတစ်ဆင့် ကူးစက်ပျံ့ပွားလွယ်သော ရောဂါတွေကနေ ကာကွယ်ဖို့နဲ့ လူ့အသက်များစွာကယ်တင်နိုင်ဖို့အတွက် လက်ကိုဆပ်ပြာနဲ့ဆေးကြောခြင်းဟာ အလွန်အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း လူအများနားလည်သဘောပေါက်ပြီး အလေးထားဂရုပြုမိစေဖို့ရည်ရွယ်ချက်နဲ့ နှစ်စဉ် အောက်တိုဘာလ၊ ၁၅ ရက်နေ့ကို ကမ္ဘာ့လက်ဆေးရေးနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ