News: ရဲချုပ်နာမည်ကို အလွဲသုံးစားလုပ်ခဲ့တဲ့ လန်ခရူဆာပိုင်ရှင် ယာဉ်ထိန်းရုံးကို လာရောက်ဖြေရှင်း

ရဲချုပ်ဝင်းနိုင်ရဲ့သူငယ်ချင်းဆိုပြီး နာမည်အလွဲသုံးစားလုပ်ခဲ့တာပါ။

play

 

ဒီဇင်ဘာလ ၂၃ ရက်နေ့က  ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း(အလယ်) ဘလောက်မှာ လန်ခရူဆာကားတစ်စီးကို စည်းကမ်းမဲ့ အချိန်ကြာရပ်နားထားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက တာဝန်အရဆောင်ရွက်တာကို ရဲချုပ်ဝင်းနိုင်ရဲ့သူငယ်ချင်းဆိုပြီး နာမည်အလွဲသုံးစားလုပ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ခဲ့သူကို မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့က အရေးယူခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက ဥပဒေနဲ့အညီဆောင်ရွက်တာကို မဖြေရှင်းဘဲ ဌာနဆိုင်ရာအကြီးအကဲရဲ့နာမည် အလွဲသုံးစား လုပ်ခဲ့တဲ့သူကို စုံစမ်းခဲ့ရာမှာ ယာဉ်ပိုင်ရှင်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း (၁)ရပ်ကွက်၊ ရိပ်သာ(၃)လမ်းမှာနေထိုင်တဲ့  ဒေါ်တင်တင်အောင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးမြင့်သန်းဝင်း(ခ)ဦးမင်းမောင်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကို လာရောက်ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်သူတွေဖြစ်တဲ့ ဦးမြင့်သန်းဝင်း(ခ)ဦးမင်းမောင်နဲ့ ယာဉ်မောင်းဖြစ်သူ ဦးအောင်ထွန်းက ရဲမှူးချုပ်ဝင်းနိုင်နဲ့မသိတဲ့အပြင် မိတ်ဆွေသူငယ်ချင်းဖြစ်လို့ အကာအကွယ်ယူတဲ့ သဘောမျိုးနဲ့ ရဲချုပ်နာမည်ကို အလွဲသုံးစား လုပ်ခဲ့တာကို ၀န်ခံခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၉၈၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေပုဒ်မတွေကို ဖောက်ဖျက်ခဲ့လို့ ဦးမြင့်သန်းဝင်း(ခ)ဦးမင်းမောင်နဲ့ ယာဉ်မောင်းဖြစ်သူ ဦးအောင်ထွန်းတို့ရဲ့ ယာဉ်မောင်းလိုင်စင်တွေကို ခြောက်လအထိ ပိတ်သိမ်းဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ နာမည်ကိုအလွဲသုံးစားမလုပ်ဖို့ ၀န်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

Source & Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ